Quran Apps in many lanuages:

Surah Sad Ayahs #68 Translated in Burmese

إِنَّ ذَٰلِكَ لَحَقٌّ تَخَاصُمُ أَهْلِ النَّارِ
ဧကန်မလွဲ ("ဂျဟန္နမ်"ငရဲဘုံ၌) ငရဲသားတို့အချင်းချင်း ထို(ကဲ့သို့) ပဋိပက္ခဖြစ်ခြင်းကား လုံးဝအမှန်ပင် ဖြစ်ချေသတည်း။
قُلْ إِنَّمَا أَنَا مُنْذِرٌ ۖ وَمَا مِنْ إِلَٰهٍ إِلَّا اللَّهُ الْوَاحِدُ الْقَهَّارُ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) ငါသည် သတိပေးနှိုးဆော်သူတစ်ဦးသာလျှင် ဖြစ်၏။ ၎င်းပြင် တစ်ဆူတည်း ဖြစ်တော်မူသော လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာ အရှင်ဟူ၍ မရှိပေ။
رَبُّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا الْعَزِيزُ الْغَفَّارُ
(ထိုအရှင်မြတ်သည်သာလျှင်)မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေ၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင် ဖြစ်တော်မူ၏။
قُلْ هُوَ نَبَأٌ عَظِيمٌ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) ("ကိယာမတ်"ရှင်ပြန်ထမည့် နေ့၏အကြောင်းသတင်း)သည် ကြီးကျယ်လှစွာသော အကြောင်းသတင်းပင်။
أَنْتُمْ عَنْهُ مُعْرِضُونَ
အသင်တို့သည် ယင်းအကြောင်းသတင်းကို လျစ်လျူရှုနေသူများပင် ဖြစ်ကြကုန်၏။

Choose other languages: