Quran Apps in many lanuages:

Surah Sad Ayahs #6 Translated in Burmese

بَلِ الَّذِينَ كَفَرُوا فِي عِزَّةٍ وَشِقَاقٍ
(ကာဖိရ်"သွေဖည်ငြင်းပယ်ကြကုန်သောသူတို့၏ သွေဖည်ငြင်းပယ်မှုသည် မည်သည့်သက်သေ အထောက်အထားကိုမျှ အခြေခံပြုထားခြင်း) အလျှင်းမဟုတ်၊ စင်စစ်မှာကား (ထို)"ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့မှာ အယူသည်းမှု၌လည်းကောင်း၊ ဆန့်ကျင်ဖီလာပြုမှု၌လည်းကောင်း၊ ရှိနေကြကုန်၏။
كَمْ أَهْلَكْنَا مِنْ قَبْلِهِمْ مِنْ قَرْنٍ فَنَادَوْا وَلَاتَ حِينَ مَنَاصٍ
ငါအရှင်မြတ်သည် ၎င်းတို့အလျင် မြောက်မြားစွာသောလူမျိုးဆက်ကို ဖျက်ဆီးတော်မူခဲ့၏။ (ပျက်စီးသည့်အချိန်တွင်) ၎င်းတို့သည် ဟစ်အော်မြည်တမ်း ခဲ့ကြကုန်၏။သို့ရာတွင် အကျိုးမရှိပြီ၊ အဘယ်ကြောင့်ဆိုသော် ထိုအချိန်မှာ လွတ်မြောက်ရန်အချိန် မဟုတ်တော့ပြီ။
وَعَجِبُوا أَنْ جَاءَهُمْ مُنْذِرٌ مِنْهُمْ ۖ وَقَالَ الْكَافِرُونَ هَٰذَا سَاحِرٌ كَذَّابٌ
စင်စစ်မှာမူကား ၎င်းတို့သည် မိမိတို့အနက်မှပင် သတိပေး နှိုးဆော်သူတစ်ဦး ရောက်ရှိ၍လာခဲ့ခြင်းကို အံ့ဩခဲ့ကြကုန်၏။ ၎င်းပြင် "ကာဖိရ်"သွေဖည် ငြင်းပယ်သောသူတို့က ဤသည် လွန်စွာမုသားပြောဆိုသူ ပဉ္စလက်ဆရာတစ်ဦးပင်ဖြစ်သည်ဟု ဆိုခဲ့ကြကုန်၏။
أَجَعَلَ الْآلِهَةَ إِلَٰهًا وَاحِدًا ۖ إِنَّ هَٰذَا لَشَيْءٌ عُجَابٌ
ဤသူသည် များစွာသော ကိုးကွယ်ရာများနေရာတွင် ကိုးကွယ်ရာတစ်ဆူတည်းသာ ပြုလုပ်ချန်ထားလေသလော။ ဧကန်မလွဲ ဤသည် လွန်စွာအံ့ဖွယ်ရာ တစ်ခုပင်ဖြစ်၏။
وَانْطَلَقَ الْمَلَأُ مِنْهُمْ أَنِ امْشُوا وَاصْبِرُوا عَلَىٰ آلِهَتِكُمْ ۖ إِنَّ هَٰذَا لَشَيْءٌ يُرَادُ
ထို့ပြင် ၎င်းတို့အနက် အကြီးအကဲများက (ငယ်သားများအား ဤသို့)(ပြောဆို)ထွက်သွားခဲ့ကြ၏။ အသင်တို့သည် သွားကြလေကုန်။ (တစ်နည်း) သွားကြစို့။ ၎င်းပြင် အသင်တို့သည် မိမိတို့၏(မိရိုးဖလာ)ကိုးကွယ်ရာများကိုသာ ကြံ့ခိုင်စွာ(ကိုးကွယ်လျက်) ရှိနေကြကုန်။ ဧကန်အမှန် ဤသည်၌ ၎င်း၏ ရည်ရွယ်ချက်တစ်ခုခု အမှန်ပင်ရှိ၏။ (တစ်နည်း)ဧကန်အမှန် ဤသည်အမှန်ပင် ရည်ရွယ်ချက်တစ်ခုခု ရှိ၏။

Choose other languages: