Quran Apps in many lanuages:

Surah Qaf Ayahs #35 Translated in Burmese

وَأُزْلِفَتِ الْجَنَّةُ لِلْمُتَّقِينَ غَيْرَ بَعِيدٍ
ထိုမှတစ်ပါး ‘ဂျန္နတ်’ သုခဘုံသည် မွတ္တကီ သူတော်စင်များအနီးသို့ ယူလာခြင်းကို ခံရပေမည်။ (ယင်း’ဂျန္နတ်’သုခဘုံမှာ) ဝေးကွာလှမည် မဟုတ်ပေ။
هَٰذَا مَا تُوعَدُونَ لِكُلِّ أَوَّابٍ حَفِيظٍ
ဤသည် (အလ္လာဟ်အရှင်မြတ်ဘက်သို့) ပြန်လှည့်သူ (ထိုအရှင်မြတ်၏စည်းကမ်း သတ်မှတ်ချက်များကို)စောင့်စည်းသူတိုင်းအဖို့ ဖြစ်သည်ဟူ၍ အသင်တို့ ကတိပေးခြင်း ခံကြရသောအရာပင် ဖြစ်ပေသည်။
مَنْ خَشِيَ الرَّحْمَٰنَ بِالْغَيْبِ وَجَاءَ بِقَلْبٍ مُنِيبٍ
ထိုသူသည် ‘ရဟ်မာန်’ အနန္တကရုဏာတော်ရှင်အား မမြင်ဘဲလျက် ကြောက်ရွံ့ခဲ့၏။ ထိုမှတစ်ပါး ထိုသူသည် ပြန်လှည့်သော စိတ်နှလုံးကို ယူဆောင်လာခဲ့၏။
ادْخُلُوهَا بِسَلَامٍ ۖ ذَٰلِكَ يَوْمُ الْخُلُودِ
(ထိုကဲ့သို့သော သူတို့သည် ဤသို့ မိန့်ကြားတော်မူခြင်းကို ခံကြရပေမည်။) အသင်တို့သည် ယင်း’ဂျန္နတ်’သုခဘုံသို့ ငြိမ်းချမ်းစွာ ဝင်ရောက်ကြလေကုန်။ ဤသည် အမြဲထာဝရ နေထိုင်ရမည့်နေ့ဖြစ်၏။
لَهُمْ مَا يَشَاءُونَ فِيهَا وَلَدَيْنَا مَزِيدٌ
၎င်းတို့အဖို့ ယင်း’ဂျန္နတ်’ သုခဘုံ၌ ၎င်းတို့ အလိုရှိကြသော အရာဟူ၍ ရှိရုံမျှမက ငါအရှင်မြတ် အထံတော်၌(ထိုထက်) အပိုကျေးဇူးတော်များလည်း ရှိချေသတည်း။

Choose other languages: