Quran Apps in many lanuages:

Surah Maryam Ayahs #88 Translated in Burmese

فَلَا تَعْجَلْ عَلَيْهِمْ ۖ إِنَّمَا نَعُدُّ لَهُمْ عَدًّا
သို့ဖြစ်ပေရာ အသင်သည် ယင်း(သွေဖည်ငြင်းပယ်သောသူ)တို့နှင့်ပတ်သက်၍ အလျင်မလိုလေနှင့်။ ငါအရှင်မြတ်ကိုယ်တော်တိုင်ပင် ၎င်းတို့(၏အပြုအမူများ)ကို ရေတွက်လျက် ရှိနေတော်မူပေသတည်း။
يَوْمَ نَحْشُرُ الْمُتَّقِينَ إِلَى الرَّحْمَٰنِ وَفْدًا
(၎င်းတို့အပေါ်၌ ပြစ်ဒဏ်သည်) အကြင်နေ့တွင် (ကျရောက်မည်ဖြစ်၏။) ထိုနေ့တွင် ငါအရှင်မြတ်သည်မွတ္တကီသူတော်စင်တို့အား ရဟ်မာန်အနန္တ ကရုဏာတော်ရှင်အထံတော်သို့ ဧည့်သည်တော်များအဖြစ် စုရုံးစေတော်မူမည်။
وَنَسُوقُ الْمُجْرِمِينَ إِلَىٰ جَهَنَّمَ وِرْدًا
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်သူတို့အား (ထိုနေ့တွင်) ဂျဟန္နမ်ငရဲဘုံသို့ ရောက်အောင်ရေငတ်မွတ်သိပ်စေလျက် မောင်းနှင်တော်မူပေမည်။
لَا يَمْلِكُونَ الشَّفَاعَةَ إِلَّا مَنِ اتَّخَذَ عِنْدَ الرَّحْمَٰنِ عَهْدًا
(ထိုနေ့တွင်) ရဟ်မာန် အနန္တကရုဏာတော်ရှင်၏အထံတော်မှ ကတိတစ်စုံတစ်ရာ ရရှိပြီးဖြစ် သောသူမှတစ်ပါး အခြားသူတို့မှာ ကြားဝင်အသနား ခံပိုင်ခွင့်ရှိကြမည်မဟုတ်ပေတကား။
وَقَالُوا اتَّخَذَ الرَّحْمَٰنُ وَلَدًا
ထို့ပြင် ၎င်းတို့က ရဟ်မာန် အနန္တကရုဏာတော်ရှင်သည် သားသမီးပြုလုပ်တော်မူခဲ့သည်ဟု(စွပ်စွဲ) ပြောဆိုခဲ့ကြကုန်၏။

Choose other languages: