Quran Apps in many lanuages:

Surah Maryam Ayahs #76 Translated in Burmese

ثُمَّ نُنَجِّي الَّذِينَ اتَّقَوْا وَنَذَرُ الظَّالِمِينَ فِيهَا جِثِيًّا
ထို့နောက် ငါအရှင်မြတ်သည်(မိမိအားကြောက်ရွံ့ရိုသေသောအားဖြင့် ပြစ်မှုဒုစရိုက်များမှ) ရှောင်ကြဉ်ကြကုန်သောသူတို့အား လွတ်မြောက်စေတော်မူမည်။ သို့ရာတွင်မတော်မတရား ကျူးလွန်သော သူတို့အား ငါအရှင်မြတ်သည်ယင်းဂျဟန္နမ်ငရဲဘုံ၌ပင် ပုဆစ်ဒူးတုပ်လျက် စွန့်ပစ်ထားတော်မူအံ့သတည်း။
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ قَالَ الَّذِينَ كَفَرُوا لِلَّذِينَ آمَنُوا أَيُّ الْفَرِيقَيْنِ خَيْرٌ مَقَامًا وَأَحْسَنُ نَدِيًّا
စင်စစ် ၎င်းတို့ရှေ့ဝယ် ငါအရှင်မြတ်၏ ထင်ရှားစွာသောအာယတ်တော်များကို ဖတ်ကြားသောအခါ ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့က မုအ်မင်န် သက်ဝင်ယုံကြည်သောသူတို့အား (ကျွန်ုပ်တို့နှင့်အသင်တို့) အုပ်စုနှစ်စုအနက်မည်သည့်အုပ်စုသည် အခြေအနေအားဖြင့် ပိုကောင်း၍ (မည်သည့်အုပ်စုသည်) အပေါင်းအဖော်အားဖြင့် ပို၍ကောင်းပေသနည်း ဟု ပြောဆို(မေးမြန်း)ကြကုန်၏။
وَكَمْ أَهْلَكْنَا قَبْلَهُمْ مِنْ قَرْنٍ هُمْ أَحْسَنُ أَثَاثًا وَرِئْيًا
အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည်ထိုသူတို့အလျင် များစွာသောအုပ်စုများကို ဖျက်ဆီးတော်မူခဲ့ပေပြီ။ ယင်း(ဖျက်ဆီးခြင်းခံခဲ့ကြရသော)အုပ်စုများကား ဥစ္စာပစ္စည်းအားဖြင့်လည်းကောင်း၊ အမြင်အားဖြင့်လည်းကောင်း၊(ထိုသူတို့ထက်) သာလွန်ကောင်းမြတ် သူများပင်ဖြစ်ခဲ့ကြကုန်၏။
قُلْ مَنْ كَانَ فِي الضَّلَالَةِ فَلْيَمْدُدْ لَهُ الرَّحْمَٰنُ مَدًّا ۚ حَتَّىٰ إِذَا رَأَوْا مَا يُوعَدُونَ إِمَّا الْعَذَابَ وَإِمَّا السَّاعَةَ فَسَيَعْلَمُونَ مَنْ هُوَ شَرٌّ مَكَانًا وَأَضْعَفُ جُنْدًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) မည်သူမဆို လမ်းမှား၌ရှိခဲ့မူ ရဟ်မာန် အနန္တကရုဏာတော်ရှင်သည် ထိုသူအား အဓွန့်ရှည်စွာ ရွှေ့ဆိုင်းထားတော်မူပေမည်။ နောက်ဆုံးတွင် ထိုသူတို့သည် မိမိတို့ ချိန်းချက်ထားခြင်းခံကြရသော(လောကီ) ပြစ်ဒဏ်ကိုလည်းကောင်း၊ ကိယာမတ်ကိုလည်းကောင်း၊ တွေ့မြင်ကြသောအခါ၊ မည်သူသည် အခြေအနေအားဖြင့် ပို၍ဆိုးရွားသူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် အုပ်စုအားဖြင့် အားနည်းသူဖြစ်သည်ကိုလည်းကောင်း၊ ထိုသူတို့သည် မုချ သိရှိကြအံ့သတည်း။
وَيَزِيدُ اللَّهُ الَّذِينَ اهْتَدَوْا هُدًى ۗ وَالْبَاقِيَاتُ الصَّالِحَاتُ خَيْرٌ عِنْدَ رَبِّكَ ثَوَابًا وَخَيْرٌ مَرَدًّا
စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်ကို လိုက်စားသူတို့အား တရားလမ်းမှန်၌ တိုး တက်စေတော်မူ၏။ အမှန်သော်ကား အမြဲတစေ တည်ရှိနေမည်ဖြစ်သောကောင်းမြတ်သော အကျင့်သီလများသည် အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်တွင် ကုသိုလ်အကျိုးအားဖြင့်လည်း အကောင်းဆုံးပင်ဖြစ်ပေသည်။ နောက်ဆုံးအကျိုးဆက်အားဖြင့်လည်း အကောင်းဆုံးပင်ဖြစ်ချေသတည်း။

Choose other languages: