Quran Apps in many lanuages:

Surah Maryam Ayahs #63 Translated in Burmese

فَخَلَفَ مِنْ بَعْدِهِمْ خَلْفٌ أَضَاعُوا الصَّلَاةَ وَاتَّبَعُوا الشَّهَوَاتِ ۖ فَسَوْفَ يَلْقَوْنَ غَيًّا
တစ်ဖန် ၎င်းတို့နောက်တွင် အကြင်ဆိုးရွားသောအရိုက်ရာဆက်ခံသူတို့က ရိုက်ရာဆက်ခံခဲ့ကြကုန်၏။၎င်းတို့သည် ဆွလာတ်ဝတ်ပြုမှုကို ဖျက်ဆီးခဲ့ကြ၏။ (မိမိတို့)စိတ်အလိုဆန္ဒများကို လိုက်စားခဲ့ကြ၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် မကြာမြင့်မီပင်ပျက်စီးမှုနှင့်တွေ့ကြုံရင်ဆိုင်ကြရပေမည်။
إِلَّا مَنْ تَابَ وَآمَنَ وَعَمِلَ صَالِحًا فَأُولَٰئِكَ يَدْخُلُونَ الْجَنَّةَ وَلَا يُظْلَمُونَ شَيْئًا
အကြင်သူမှတစ်ပါး ထိုသူသည် ဝန်ချတောင်းပန်ခဲ့လေသည်။ ၎င်းပြင် ထိုသူသည် သက်ဝင်ယုံကြည် ခဲ့လေသည်။ ထိုမှတစ်ပါး ထိုသူသည် ကောင်းမြတ် သောအကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့လေသည်။ သို့ဖြစ်လျှင်ထို(ကဲ့သို့သော)သူတို့မူကား ဂျန္နတ်သုခဘုံသို့ လားကြရပေမည်။၎င်းပြင် ထိုသူတို့သည် (မိမိတို့၏ကုသိုလ်အကျိုးများမှ) အနည်းငယ်စိုးစဉ်းမျှပင် လျော့နည်းစေခြင်းကိုခံကြရမည် မဟုတ်ပေ။
جَنَّاتِ عَدْنٍ الَّتِي وَعَدَ الرَّحْمَٰنُ عِبَادَهُ بِالْغَيْبِ ۚ إِنَّهُ كَانَ وَعْدُهُ مَأْتِيًّا
(၎င်းတို့သည်)အကြင်ထာဝရ ဥယျာဉ်များသို့(လားကြရပေမည်)။ ရဟ်မာန် အနန္တကရုဏာတော်ရှင်သည် မိမိကျွန်များအား (၎င်းတို့) မမြင်ဘဲလျက် အကျေအပွန်ဆောင်ရွက်ပြီးသာဖြစ်လိမ့်မည်။
لَا يَسْمَعُونَ فِيهَا لَغْوًا إِلَّا سَلَامًا ۖ وَلَهُمْ رِزْقُهُمْ فِيهَا بُكْرَةً وَعَشِيًّا
၎င်းတို့သည် ယင်းဂျန္နတ်သုခဘုံ၌ စလာမ်မေတ္တာပို့သခြင်းမှတစ်ပါး အချည်းနှီးသောစကားလုံးကို လုံးဝကြားကြရလိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့အဖို့ ယင်းဂျန္နတ်သုခဘုံ၌ ၎င်းတို့၏စားသောက် ဖွယ်ရာများသည် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း ၌လည်းကောင်း၊ ရှိချေအံ့သတည်း။
تِلْكَ الْجَنَّةُ الَّتِي نُورِثُ مِنْ عِبَادِنَا مَنْ كَانَ تَقِيًّا
ဤသည် အကြင်ဂျန္နတ်သုခဘုံတည်း။ ငါအရှင်မြတ်သည် မိမိ၏ကျွန်များအနက်(ငါအရှင်မြတ်အား ကြောက်ရွံ့ရိုသေသောအားဖြင့်) ပြစ်မှုဒုစရိုက်များမှ ရှောင်ကြဉ်သောသူများ)အား အမွေဆက်ခံစေတော်မူမည် ဖြစ်သတည်း။

Choose other languages: