Quran Apps in many lanuages:

Surah Maryam Ayahs #7 Translated in Burmese

إِذْ نَادَىٰ رَبَّهُ نِدَاءً خَفِيًّا
(ပြန်လည်အောက်မေ့သတိရကြလေကုန်)တစ်ရံရောအခါဝယ် ထိုဇကရီယာသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို လျှို့ဝှက်စွာ ပန်ကြားခဲ့လေသည်။
قَالَ رَبِّ إِنِّي وَهَنَ الْعَظْمُ مِنِّي وَاشْتَعَلَ الرَّأْسُ شَيْبًا وَلَمْ أَكُنْ بِدُعَائِكَ رَبِّ شَقِيًّا
(တစ်ဖန်)ယင်းဇကရီယာသည်(ဤသို့) လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုး၏အရိုးများမှာ အားအင်ချည့်နဲ့၍နေပါပြီ။ ၎င်းပြင် (ကျွန်တော်မျိုး၏)ဦးခေါင်းမှာလည်း ဆံဖြူများကြောင့် (ဖြူဖွေး)တောက်ပလျက်ရှိနေပါပြီ။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ စင်စစ် ကျွန်တော်မျိုးသည် အရှင်မြတ်အားဟစ်ခေါ်တမ်းတ လျှောက်ထားပန်ကြားမှုကြောင့် မည်သည့်အခါကမျှ အလိုဆန္ဒ မပြည့်ဝသူ မဖြစ်ခဲ့ဘူးပါ။
وَإِنِّي خِفْتُ الْمَوَالِيَ مِنْ وَرَائِي وَكَانَتِ امْرَأَتِي عَاقِرًا فَهَبْ لِي مِنْ لَدُنْكَ وَلِيًّا
ဧကန်စင်စစ် ကျွန်တော်မျိုးသည် မိမိ(မရှိသည့်)နောက်တွင်(မိမိ)ဆွေမျိုးနီးစပ်သူတို့နှင့် ပတ်သက်၍ စိုးရိမ်မိခဲ့ပါသည်။ ထို့ပြင် ကျွန်တော်မျိုး၏ဇနီးမှာလည်း သားသမီးမထွန်းကားသော အမြုံပင်ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိအထံတော်မှ သားကောင်းရတနာ အမွေစားအမွေခံ တစ်ဦးကိုချီးမြှင့်ပေးသနားတော်မူပါ၊
يَرِثُنِي وَيَرِثُ مِنْ آلِ يَعْقُوبَ ۖ وَاجْعَلْهُ رَبِّ رَضِيًّا
ထိုသားရတနာ၊ အမွေစား အမွေခံသည် ကျွန်တော်မျိုး၏အရိုက်အရာဆက်ခံသူလည်း ဖြစ်ပါစေ။ (နဗီတမန်တော်)ယအ်ကူဗ်၏သားမြေးတို့၏ အရိုက်အရာဆက်ခံသူလည်းဖြစ်ပါစေ။ ထိုမှတစ်ပါး အို- ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ၎င်းအား (မိမိအထံတော်၌) နှစ်မြို့ဖွယ်ရာလည်း ဖြစ်ပါစေ။
يَا زَكَرِيَّا إِنَّا نُبَشِّرُكَ بِغُلَامٍ اسْمُهُ يَحْيَىٰ لَمْ نَجْعَلْ لَهُ مِنْ قَبْلُ سَمِيًّا
(ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပြန်ကြားတော်မူခဲ့၏)။ အို-ဇကရီယာ၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား ယဟ်ယာမည်သော သားရတနာတစ်ပါးနှင့်ပတ်သက်၍သတင်းကောင်း ပေးတော်မူ၏။ ယခင်က ငါအရှင်မြတ်သည်ယင်းယဟ်ယာနှင့် နာမည်တူသူတစ်ဦးတစ်ယောက်ကို ရှိစေတော်မူခဲ့သည် မဟုတ်ချေ။

Choose other languages: