Quran Apps in many lanuages:

Surah Maryam Ayahs #25 Translated in Burmese

قَالَ كَذَٰلِكِ قَالَ رَبُّكِ هُوَ عَلَيَّ هَيِّنٌ ۖ وَلِنَجْعَلَهُ آيَةً لِلنَّاسِ وَرَحْمَةً مِنَّا ۚ وَكَانَ أَمْرًا مَقْضِيًّا
ကောင်းကင်တမန်က(အို-မရ်ယမ်) ဤအတိုင်းပင်ဖြစ်ပေမည်။ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က ဤသည်ကား ငါအရှင်မြတ်၌ အလွန်လွယ်ကူလှကြောင်း၊ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းသား ရတနာအား လူတို့အဖို့ သက်သေလက္ခဏာတစ်ရပ် အဖြစ်လည်းကောင်း၊ ငါအရှင်မြတ် အထံတော်မှ ကရုဏာတော်အဖြစ်လည်းကောင်း၊ ပြုလိုတော်မူကြောင်း၊ ဤသည်စီရင်ဆုံးဖြတ်ပြီးဖြစ်သောကိစ္စတစ်ရပ်ပင်ဖြစ်ကြောင်း၊ မိန့်ကြားတော်မူလေသတည်း။
فَحَمَلَتْهُ فَانْتَبَذَتْ بِهِ مَكَانًا قَصِيًّا
ထို့နောက် မရ်ယမ်သည် ထိုသားရတနာကို ကိုယ်ဝန်ဆောင်ခဲ့လေသည်။ ထိုအခါ ယင်းမရ်ယမ်သည် ထိုကိုယ်ဝန်နှင့်အတူ ဝေးလံသောနေရာတစ်ခုသို့ ရှောင်သွားခဲ့လေသည်။
فَأَجَاءَهَا الْمَخَاضُ إِلَىٰ جِذْعِ النَّخْلَةِ قَالَتْ يَا لَيْتَنِي مِتُّ قَبْلَ هَٰذَا وَكُنْتُ نَسْيًا مَنْسِيًّا
ထို့နောက် သားဖွားခြင်း၏ဝေဒနာသည် ထိုမရ်ယမ်အား စွန်ပလွံပင်(တစ်ပင်)ရှိရာသို့ ဆောင်ကြဉ်း သွားခဲ့လေသည်။ ထိုအခါ ယင်းမရ်ယမ်ကဪ-ဖြစ်ရလေခြင်း၊ငါသည် ဤသို့(ဖမဲ့သားကို)မဖွားမီသေဆုံးခဲ့ပြီး လုံးဝမေ့ပျောက်စွန့်ပစ်ထားပြီးဖြစ်ခဲ့ပါလျှင် ကောင်းလေစွတကား ဟု ညည်းညူမြည်တမ်းခဲ့လေသည်။
فَنَادَاهَا مِنْ تَحْتِهَا أَلَّا تَحْزَنِي قَدْ جَعَلَ رَبُّكِ تَحْتَكِ سَرِيًّا
ထိုအခါ ယင်းမရ်ယမ်အား ၎င်းရှိရာ အောက်နားမှ (ထိုစွန်ပလွံပင်အောက်မှ) ကောင်းကင်တမန်က (ဤသို့)ပြောကြားခဲ့လေသည်။ (အို-မရ်ယမ်) အသင်မသည် စိတ်မပူလေနှင့်။ ဧကန်စင်စစ် အသင်မအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်မ၏အောက်၌ပင် ချောင်းတစ်ခုကို ဖြစ်ပေါ်စေတော်မူလေပြီ။
وَهُزِّي إِلَيْكِ بِجِذْعِ النَّخْلَةِ تُسَاقِطْ عَلَيْكِ رُطَبًا جَنِيًّا
ထိုမှတစ်ပါး အသင်မသည် စွန်ပလွံပင်၏ ပင်မကို မိမိဖက်သို့(ဆွဲ၍)လှုပ်ပါလျှင် စိမ်းစိုလတ်ဆတ်သေစွန်ပလွံသီးများသည် အသင်မ၏ရှေ့ဝယ် ကေကျလာပါလိမ့်မည်။

Choose other languages: