Quran Apps in many lanuages:

Surah Maryam Ayahs #17 Translated in Burmese

وَحَنَانًا مِنْ لَدُنَّا وَزَكَاةً ۖ وَكَانَ تَقِيًّا
ထိုနည်းတူစွာ မိမိအထံတော်မှ အကြင်နာတရားကိုလည်းကောင်း၊ သန့်ရှင်းစင်ကြယ်မှုကိုလည်း ကောင်း၊(ချီးမြှင့်တော်မူခဲ့၏)။ ၎င်းပြင် ယင်းယဟ်ယာသည် (ပြစ်မှုဒုစရိုက်တို့မှ) အလွန် ရှောင်ရှားသူပင် ဖြစ်ခဲ့ပေသည်။
وَبَرًّا بِوَالِدَيْهِ وَلَمْ يَكُنْ جَبَّارًا عَصِيًّا
ထို့ပြင် မိမိ၏ မိဘနှစ်ပါးအား အလွန်ကျေးဇူးပြုတတ်သူလည်းဖြစ်ခဲ့၏။ ထို့ပြင် မာန်မာနထောင်လွှားသူအမိန့်တော်ကို ဖီဆန်သူမဖြစ်ခဲ့ပေ။
وَسَلَامٌ عَلَيْهِ يَوْمَ وُلِدَ وَيَوْمَ يَمُوتُ وَيَوْمَ يُبْعَثُ حَيًّا
ထိုမှတစ်ပါး ထိုယဟ်ယာ၏အပေါ်၌ ယင်းဖွားမြင်ခဲ့သည့်နေ့တွင်လည်းကောင်း၊ ကွယ်လွန်သေဆုံးမည့်နေ့တွင်လည်းကောင်း၊ အသက်ရှင်လျက် ထရမည့်နေ့တွင်လည်းကောင်း၊ (ငါအရှင်မြတ်အထံတော်မှ) ငြိမ်းချမ်းသာယာမှု(ဘေးရန်ကင်းငြိမ်းမှု)သည် ကျရောက်ပါစေသတည်း။
وَاذْكُرْ فِي الْكِتَابِ مَرْيَمَ إِذِ انْتَبَذَتْ مِنْ أَهْلِهَا مَكَانًا شَرْقِيًّا
၎င်းပြင် (အို-နဗီတမန်တော်) အသင်သည်(ဤကုရ်အာန်)ကျမ်းတော်မှ မရ်ယမ်(၏အတ္ထုပ္ပတိ) အကြောင်းကို ဖတ်ကြားပါလေ။ တစ်ရံရောအခါဝယ် ယင်းမရ်ယမ်သည်မိမိအိမ်သူအိမ်သားတို့ထံမှ ခွဲခွာ၍ အရှေ့ဖက်၌ရှိသောအခန်းတစ်ခန်းသို့ သွားခဲ့လေသည်။
فَاتَّخَذَتْ مِنْ دُونِهِمْ حِجَابًا فَأَرْسَلْنَا إِلَيْهَا رُوحَنَا فَتَمَثَّلَ لَهَا بَشَرًا سَوِيًّا
တစ်ဖန် ယင်းမရ်ယမ်သည် ထိုအိမ်သူအိမ်သားတို့ (မမြင်နိုင်ရန်)ကန့်လန့်ကာတစ်ခု ချခဲ့လေသည်။ ထို့နောက်ငါအရှင်မြတ်သည် ယင်းမရ်ယမ်၏ထံသို့ မိမိ၏ အထူးကောင်းကင်တမန်ကို စေလွှတ်တော်မူခဲ့လေသည်။ ထိုအခါ ယင်းကောင်းကင်တမန်သည် ထိုမရ်ယမ်၏အရှေ့ဝယ် ပကတိလူသားတစ်ယောက်၏အသွင်ဖြင့် ကိုယ်ထင်ပြခဲ့၏။

Choose other languages: