Quran Apps in many lanuages:

Surah Luqman Ayahs #25 Translated in Burmese

وَإِذَا قِيلَ لَهُمُ اتَّبِعُوا مَا أَنْزَلَ اللَّهُ قَالُوا بَلْ نَتَّبِعُ مَا وَجَدْنَا عَلَيْهِ آبَاءَنَا ۚ أَوَلَوْ كَانَ الشَّيْطَانُ يَدْعُوهُمْ إِلَىٰ عَذَابِ السَّعِيرِ
ထိုမှတစ်ပါး ၎င်းတို့အား၊ အသင်တို့သည်အလ္လာဟ်အရှင်မြတ် ချပေးသနားတော်မူသည်ကို လိုက်နာကြလေကုန်ဟု ပြောကြားခဲ့သည်ရှိသော်၊ ၎င်းတို့က ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာမူကား ကျွန်ုပ်တို့သည် မိမိတို့အဖ၊ ဘိုး၊ ဘေးတို့လိုက်နာခဲ့ကြသည်ကို တွေ့ရှိကြရသောလမ်းစဉ်ကိုသာကျွန်ုပ်တို့လိုက်နာကြမည်ဟု ပြောဆိုဖြေကြားခဲ့ကြကုန်၏။ ထိုအဖ၊ဘိုး၊ ဘေး တို့အား ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ငရဲဘုံ၏ပြစ်ဒဏ်ကို ဖိတ်ခေါ်လျက်ရှိငြားအံ့လည်း (၎င်းတို့သည် ထိုအဖ၊ဘို၊ ဘေးတို့၏လမ်းစဉ်ကို လိုက်နာကြဦးမည်လော။)
وَمَنْ يُسْلِمْ وَجْهَهُ إِلَى اللَّهِ وَهُوَ مُحْسِنٌ فَقَدِ اسْتَمْسَكَ بِالْعُرْوَةِ الْوُثْقَىٰ ۗ وَإِلَى اللَّهِ عَاقِبَةُ الْأُمُورِ
စင်စစ်သော်ကား မည်သူမဆို မိမိကိုယ်ကိုအလ္လာဟ်အရှင်မြတ် အထံတော်သို့ လုံးဝအပ်နှင်းလွှဲအပ် သည့်ပြင်၊ ထိုသူသည် ကောင်းမှုပြုသူလည်းဖြစ်ပါမူ၊ မလွဲဧကန် ထိုသူသည် လွန်စွာခိုင်မြဲသော ကြိုးကွင်းကိုဆွဲကိုင်၍ ထားရှိပြီဖြစ်၏။စင်စစ် အမှုကိစ္စအလုံးစုံတို့၏ အဆုံးသတ်ခြင်းမှာ အလ္လာဟ်အရှင်မြတ် အထံတော်၌ဖြစ်၏။
وَمَنْ كَفَرَ فَلَا يَحْزُنْكَ كُفْرُهُ ۚ إِلَيْنَا مَرْجِعُهُمْ فَنُنَبِّئُهُمْ بِمَا عَمِلُوا ۚ إِنَّ اللَّهَ عَلِيمٌ بِذَاتِ الصُّدُورِ
သို့ရာတွင် မည်သူမဆို သွေဖည်ငြင်းပယ်ခဲ့ပါမူ၊ထိုသူ၏ သွေဖည်မှုသည် အသင့်အား ပူဆွေးစေခြင်း မဖြစ်စေရ။ ၎င်းတို့သည် ငါအရှင်မြတ်အထံတော်သို့ သာလျှင် ပြန်လည်ရောက်ရှိကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် ၎င်းတို့အား၎င်းတို့ကျင့်မူပြုလုပ်ခဲ့ ကြသည်များကို သိစေတော်မူမည်။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများအတွင်း၌ရှိသည်တို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
نُمَتِّعُهُمْ قَلِيلًا ثُمَّ نَضْطَرُّهُمْ إِلَىٰ عَذَابٍ غَلِيظٍ
ငါအရှင်မြတ်သည် နေ့ရက်အနည်းငယ်မျှပင်၊၎င်းတို့အား အကျိုးခံစားခွင့်ပေးတော်မူသည်။ ထို့နောက်ငါအရှင်မြတ်သည် ၎င်းတို့အား ပြင်းထန်လှစွာသော ပြစ်ဒဏ်သို့ အတင်းအကြပ်မောင်းနှင် ပို့ဆောင်တော်မူအံ့သတည်း။
وَلَئِنْ سَأَلْتَهُمْ مَنْ خَلَقَ السَّمَاوَاتِ وَالْأَرْضَ لَيَقُولُنَّ اللَّهُ ۚ قُلِ الْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ
စင်စစ်သော်ကား အကယ်၍ အသင်သည် ထိုသူတို့အား မိုးကောင်းကင်များနှင့်ပထဝီမြေကို မည်သူဖန်ဆင်းခဲ့သနည်းဟု မေးမြန်းခဲ့ပါလျှင် မုချဧကန် ၎င်းတို့က အလ္လာဟ်အရှင်မြတ်ပင် (ဖန်ဆင်းတော်မူခဲ့သည်)ဟု ပြောဆိုကြမည်သာ။(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ ချီးမွမ်းထောပနာ အပေါင်းတို့ကို အလ္လာဟ်အရှင်မြတ်သည်သာလျှင်ခံယူထိုက်တော်မူ၏။ သို့ရာ တွင် ၎င်းတို့အနက် အများစုမှာမူကား မသိကြပေ။

Choose other languages: