Quran Apps in many lanuages:

Surah Hud Ayahs #24 Translated in Burmese

أُولَٰئِكَ لَمْ يَكُونُوا مُعْجِزِينَ فِي الْأَرْضِ وَمَا كَانَ لَهُمْ مِنْ دُونِ اللَّهِ مِنْ أَوْلِيَاءَ ۘ يُضَاعَفُ لَهُمُ الْعَذَابُ ۚ مَا كَانُوا يَسْتَطِيعُونَ السَّمْعَ وَمَا كَانُوا يُبْصِرُونَ
ဤသူများသည် ကမ္ဘာမြေ၌လည်း (အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ပေးတော်မူခြင်းမှ)လွတ်မြောက်နိုင်သူများမဟုတ်ခဲ့ကြချေ။ ထိုမှတစ်ပါး ၎င်းတို့၌ အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်ပြိုင်၍ ကူညီစောင်မမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှ မရှိခဲ့ချေ။ (ယနေ့မူကား) ၎င်းတို့၌ပြစ်ဒဏ်သည် နှစ်ဆ ပြုလုပ်ခြင်းကို ခံရပေမည်။ ၎င်းတို့သည်(မလိုမုန်းတီးမှုကြောင့် ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်း) ကြားနာနိုင်စွမ်းမရှိခဲ့ကြပေ။ (အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာသာဓကများကိုလည်း)မြင်နိုင်ကြသည် မရှိခဲ့ချေ။
أُولَٰئِكَ الَّذِينَ خَسِرُوا أَنْفُسَهُمْ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ
ဤသူများပင် မိမိတို့ကိုယ်ကို မိမိတို့ ဆုံးရှုံး နစ်နာစေခဲ့ကြသောသူများတည်း။ ထို့ပြင် ၎င်းတို့ထံမှ ၎င်းတို့ လီဆယ်ဖန်တီးခဲ့ကြသော (ကိုးကွယ်ရာများသည်) ပျောက်ကွယ်၍သွားကြလေပြီ။
لَا جَرَمَ أَنَّهُمْ فِي الْآخِرَةِ هُمُ الْأَخْسَرُونَ
ဧကန်မလွဲ ၎င်းတို့သည်ပင် နောင်တမလွန်ဘဝတွင် အနစ်နာဆုံးသော သူများဖြစ်ကြပေမည်။
إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَأَخْبَتُوا إِلَىٰ رَبِّهِمْ أُولَٰئِكَ أَصْحَابُ الْجَنَّةِ ۖ هُمْ فِيهَا خَالِدُونَ
ဧကန်စင်စစ် အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်း မြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည် ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့၏အရှင်မြတ်ရှေ့တော်ဝယ် ကျိုးနွံခဲ့ကြကုန်၏။ ထိုသူများ ကား ဂျန္နတ်အမတသုခဘုံသားများဖြစ်ကြကုန်၏။ ထိုသူတို့သည် ယင်း ဂျန္နတ်အမတသုခဘုံ၌ထာဝစဉ် နေထိုင်စံမြန်းကြရမည့်သူများပင်တည်း။
مَثَلُ الْفَرِيقَيْنِ كَالْأَعْمَىٰ وَالْأَصَمِّ وَالْبَصِيرِ وَالسَّمِيعِ ۚ هَلْ يَسْتَوِيَانِ مَثَلًا ۚ أَفَلَا تَذَكَّرُونَ
(သက်ဝင်ယုံကြည်သူနှင့် သွေဖည်ငြင်းပယ်သူ)အုပ်စုနှစ်စု၏ ဥပမာကား မျက်စိကန်းသူနှင့်နားပင်းသူ၊ မျက်စိမြင်သူနှင့်နားကြားသူကဲ့သို့ပင်။ ထိုသူတို့နှစ်ဦးသည် အခြေအနေအားဖြင့် တူကြလေသလော။ သို့ဖြစ်ပါလျက် အသင်တို့သည် သတိတရား မရရှိကြပါသလော။

Choose other languages: