Quran Apps in many lanuages:

Surah Hud Ayahs #20 Translated in Burmese

أُولَٰئِكَ الَّذِينَ لَيْسَ لَهُمْ فِي الْآخِرَةِ إِلَّا النَّارُ ۖ وَحَبِطَ مَا صَنَعُوا فِيهَا وَبَاطِلٌ مَا كَانُوا يَعْمَلُونَ
ဤသူများသည် အကြင်သူများပင်တည်း။ ထိုသူတို့အဖို့ နောင်တမလွန်ဘဝတွင် ငရဲမီးမှအပ အခြားတစ်စုံတစ်ရာမျှပင် (အကျိုးခံစားခွင့်) ရှိလိမ့် မည်မဟုတ်ပေ။ ထို့ပြင်၎င်းတို့ပြုလုပ်သမျှတို့သည် အချည်းနှီးပင်ဖြစ်သည့်ပြင် ၎င်းတို့ကျင့်မူဆောင်ရွက် ခဲ့သမျှတို့သည်လည်း နောင်တမလွန်ဘဝတွင် အကျိုးမဲ့ ဖြစ်လိမ့်မည်သာတည်း။
أَفَمَنْ كَانَ عَلَىٰ بَيِّنَةٍ مِنْ رَبِّهِ وَيَتْلُوهُ شَاهِدٌ مِنْهُ وَمِنْ قَبْلِهِ كِتَابُ مُوسَىٰ إِمَامًا وَرَحْمَةً ۚ أُولَٰئِكَ يُؤْمِنُونَ بِهِ ۚ وَمَنْ يَكْفُرْ بِهِ مِنَ الْأَحْزَابِ فَالنَّارُ مَوْعِدُهُ ۚ فَلَا تَكُ فِي مِرْيَةٍ مِنْهُ ۚ إِنَّهُ الْحَقُّ مِنْ رَبِّكَ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يُؤْمِنُونَ
သို့ဖြစ်ပေရာ အကြင်သူတို့သည် မိမိတို့၏ အရှင်မြတ်ထံတော်မှ (ရောက်ရှိလာသော)ထင်ရှားစွာသော သက်သေခံအပေါ်၌ တည်ရှိကြကုန်၏။ ထို့ပြင် ထိုသူ၏နောက်မှ သက်သေတစ်ခုသည် ထိုအရှင်မြတ်အထံတော်မှပါရှိခဲ့၏။(တစ်နည်း)သို့ဖြစ်ပေရာ အကြင်သူတို့သည် မိမိတို့၏အရှင်မြတ်ထံတော်မှ(ရောက်ရှိလာခဲ့သော) ကုရ်အာန်ကျမ်းမြတ်အပေါ်၌ တည်ရှိကြကုန်၏။ ထို့ပြင် ထိုကျမ်းမြတ်နှင့်အတူ ထိုကျမ်းမြတ်ထဲ၌ပင်သက်သေခံတစ်ခုပါရှိ၏။) ထိုမှတစ်ပါး ၎င်း၏အလျင်(နဗီတမန်တော်)မူစာ၏ ကျမ်းဂန်သည် ရှေ့ဆောင်ရှေ့ ရပ်အဖြစ်လည်းကောင်း၊ ကရုဏာတော်အဖြစ်လည်းကောင်းး (ထောက်ခံလျက်)ရှိခဲ့၏။ (လောကီဘဝကို ရည်စူးသောသူတို့သည်ထိုကဲ့သို့သောသူတို့နှင့် တူနိုင်ကြပါမည်လော။) ထိုကဲ့သို့သောသူတို့သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်)ကို ယုံကြည်ကြလေသည်။ ထို့ပြင် အုပ်စုများအနက်မှ မည်သူမဆို ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို ငြင်းပယ်ခဲ့ပါလျှင် ငရဲဘုံသည်ထိုသူ၏ ချိန်းချက်ထားသောနေရာပင် ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်သည် ထိုကုရ်အာန်ကျမ်းတော်မြတ်နှင့်စပ်လျဉ်း၍ ဒွိဟသံသယမဖြစ်ပါလေနှင့်။ ဧကန်မလွဲ ယင်းကုရ်အာန်ကျမ်းတော် မြတ်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ (ကျရောက်လာသည့်)မှန်ကန်သောကျမ်းတော်မြတ်ပင် ဖြစ်ချေသည်။ သို့ရာတွင် မြောက်မြားစွာသောသူတို့မူကား သက်ဝင်ယုံကြည်သည် မဟုတ်ချေ။
وَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا ۚ أُولَٰئِكَ يُعْرَضُونَ عَلَىٰ رَبِّهِمْ وَيَقُولُ الْأَشْهَادُ هَٰؤُلَاءِ الَّذِينَ كَذَبُوا عَلَىٰ رَبِّهِمْ ۚ أَلَا لَعْنَةُ اللَّهِ عَلَى الظَّالِمِينَ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုလီဆယ်၍စွပ်စွဲသောသူထက်ပို၍ မတရားစောကားသောသူသည် မည်သူရှိပါဦးမည်နည်း။ ဤကဲ့သို့သောသူများသည် ၎င်းတို့၏ အရှင်မြတ်ရှေ့တော်မှောက်ဝယ် ဝင်ရောက်စေခြင်းကို ခံကြရပေမည်။ ထိုအခါ သက်သေများက ဤသူများပင် မိမိတို့၏အရှင်မြတ်အပေါ်၌ မုသားပြောဆို စွပ်စွဲခဲ့သောသူများဖြစ်ကြသည်ဟု ပြောဆိုကြပေမည်။ အလ္လာဟ်အရှင်မြတ်၏ စက်ဆုပ်တော်မူခြင်းသည် မတရားသောသူတို့၏ အပေါ်၌ရှိချိမ့်မည်ဖြစ်ကြောင်း(ကောင်းစွာ) သတိပြုကြလေကုန်။
الَّذِينَ يَصُدُّونَ عَنْ سَبِيلِ اللَّهِ وَيَبْغُونَهَا عِوَجًا وَهُمْ بِالْآخِرَةِ هُمْ كَافِرُونَ
(ထိုကျူးကျော်စော်ကားသော)သူများကားအကြင်သူတို့ပင်၊ ထိုသူတို့သည် (သူတစ်ပါးတို့ အားလည်း)အလ္လာဟ်အရှင်မြတ်လမ်းတော်မှ ပိတ်ပင်တားဆီးကြလေသည်။၎င်းပြင် ထိုသူတို့သည် ထိုလမ်းတွင် ကွေ့ကောက်မှုကို ရှာကြံကြလေသည်။ ထိုမှတစ်ပါး ၎င်းတို့ကိုယ်တိုင်ပင်နောင်တမလွန်ဘဝကို ငြင်းပယ်သူများ ဖြစ်ကြကုန်သတည်း။ (တစ်နည်း)၎င်းတို့သည်ကား နောင်တမလွန်ဘဝကိုပင် ငြင်းပယ်သူများဖြစ်ကြပေသတည်း။
أُولَٰئِكَ لَمْ يَكُونُوا مُعْجِزِينَ فِي الْأَرْضِ وَمَا كَانَ لَهُمْ مِنْ دُونِ اللَّهِ مِنْ أَوْلِيَاءَ ۘ يُضَاعَفُ لَهُمُ الْعَذَابُ ۚ مَا كَانُوا يَسْتَطِيعُونَ السَّمْعَ وَمَا كَانُوا يُبْصِرُونَ
ဤသူများသည် ကမ္ဘာမြေ၌လည်း (အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ပေးတော်မူခြင်းမှ)လွတ်မြောက်နိုင်သူများမဟုတ်ခဲ့ကြချေ။ ထိုမှတစ်ပါး ၎င်းတို့၌ အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်ပြိုင်၍ ကူညီစောင်မမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှ မရှိခဲ့ချေ။ (ယနေ့မူကား) ၎င်းတို့၌ပြစ်ဒဏ်သည် နှစ်ဆ ပြုလုပ်ခြင်းကို ခံရပေမည်။ ၎င်းတို့သည်(မလိုမုန်းတီးမှုကြောင့် ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်း) ကြားနာနိုင်စွမ်းမရှိခဲ့ကြပေ။ (အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာသာဓကများကိုလည်း)မြင်နိုင်ကြသည် မရှိခဲ့ချေ။

Choose other languages: