Quran Apps in many lanuages:

Surah Hud Ayahs #14 Translated in Burmese

وَلَئِنْ أَذَقْنَاهُ نَعْمَاءَ بَعْدَ ضَرَّاءَ مَسَّتْهُ لَيَقُولَنَّ ذَهَبَ السَّيِّئَاتُ عَنِّي ۚ إِنَّهُ لَفَرِحٌ فَخُورٌ
ထိုနည်းတူစွာ အကယ်၍ ငါအရှင်မြတ်သည် ထိုမနုဿလူသားများအား ၎င်းတို့၌ ဆိုက်ရောက်ခဲ့သော ဘေးဒုက္ခ၏နောက်တွင် ကျေးဇူးတော်၏အရသာကို မြည်းစမ်းစေတော်မူခဲ့ပါလျှင်၊ ဧကန်မလွဲ ၎င်းတို့သည် ကျွန်ုပ်တို့ ဘေးဒုက္ခများပပျောက်၍သွားလေပြီဟု ပြောဆိုလေ့ရှိကြကုန်၏။ ဧကန်စင်စစ် ယင်းမနုဿလူသားတို့သည် ဘဝင်ကြီးသူများ ဝါကြွားပလွှားသူများပင် ဖြစ်ကြကုန်သတည်း။
إِلَّا الَّذِينَ صَبَرُوا وَعَمِلُوا الصَّالِحَاتِ أُولَٰئِكَ لَهُمْ مَغْفِرَةٌ وَأَجْرٌ كَبِيرٌ
သို့ရာတွင် အကြင်သူများသည် သည်းခံခဲ့ကြ၍်ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြသူများကူကား (ယင်းတို့မှကင်းကြ၍) လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်လှစွာသော အကျိုးဆုလာဘ်သည် သူတို့အဖို့သာ ဖြစ်ပေသည်။
فَلَعَلَّكَ تَارِكٌ بَعْضَ مَا يُوحَىٰ إِلَيْكَ وَضَائِقٌ بِهِ صَدْرُكَ أَنْ يَقُولُوا لَوْلَا أُنْزِلَ عَلَيْهِ كَنْزٌ أَوْ جَاءَ مَعَهُ مَلَكٌ ۚ إِنَّمَا أَنْتَ نَذِيرٌ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ وَكِيلٌ
သို့ဖြစ်ပေရာ အသင်သည် မိမိထံတော်သို့ပို့တော်မူခြင်းခံရသော အမိန့်တော်များအနက် အချို့ အမိန့်တော်များကို စွန့်လွှတ်ခြင်းမဖြစ်တန်ရာ၊ ၎င်းပြင် ထိုသူများက ယင်း(တမန်တော်)၏ အပေါ်၌ ရွှေငွေဘဏ္ဍာသည် အဘယ်ကြောင့်ချပေးခြင်းမခံရလေသနည်း။ သို့တည်းမဟုတ် ယင်း(တမန်တော်)နှင့်အတူ ကောင်းကင်တမန်တစ်ပါးသည် အဘယ်ကြောင့်မလာသနည်း၊ ဟုပြောဆိုကြ သောကြောင့် အသင်၏စိတ်သည် ကျဉ်းကြပ်လျက်ရှိနေပါသလော။ အသင်ကား သတိပေးသူမျှသာဖြစ်ချေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သာလျှင် အရာခပ်သိမ်းတို့နှင့်စပ်လျဉ်း၍ တာဝန်ယူ ထိန်းသိမ်းတော်မူသောအရှင် ဖြစ်တော်မူပေသည်။
أَمْ يَقُولُونَ افْتَرَاهُ ۖ قُلْ فَأْتُوا بِعَشْرِ سُوَرٍ مِثْلِهِ مُفْتَرَيَاتٍ وَادْعُوا مَنِ اسْتَطَعْتُمْ مِنْ دُونِ اللَّهِ إِنْ كُنْتُمْ صَادِقِينَ
၎င်းတို့က ယင်း(နဗီတမန်တော်)သည် ထို (ကုရ်အာန်)ကို လီဆယ်ဖန်တီးခဲ့သည်ဟု ပြောဆိုကြ လေသလော။(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) သို့ဖြစ်လျှင်အသင်တို့သည် ထိုကုရ်အာန်ကျမ်းလာ စူရဟ်ကဏ္ဍကဲ့သို့ လီဆယ်ဖန်တီးထားသော စူရဟ်ကဏ္ဍဆယ်ခုကိုပင် ယူဆောင်ခဲ့ကြလေကုန်။ ၎င်းပြင် အကယ်၍ အသင်တို့သည် သစ္စာဝါဒီမှန်ကန်စွာပြောဆိုသူများ ဖြစ်ကြပါလျှင် အလ္လာဟ် အရှင်မြတ်မှတစ်ပါး မိမိတို့တတ်စွမ်းနိုင်သောသူများ ကိုလည်း အသင်တို့ခေါ်ခဲ့ကြလေကုန်ဟု ပြောကြားပါလေ။
فَإِلَّمْ يَسْتَجِيبُوا لَكُمْ فَاعْلَمُوا أَنَّمَا أُنْزِلَ بِعِلْمِ اللَّهِ وَأَنْ لَا إِلَٰهَ إِلَّا هُوَ ۖ فَهَلْ أَنْتُمْ مُسْلِمُونَ
တဖန် အကယ်၍ ၎င်းတို့သည် အသင်တို့ (ပြောဆိုကြသည်)ကို ဖြေဆိုခြင်း မပြုခဲ့ကြပါလျှင် (ဤကုရ်အာန်ကျမ်းတော်မြတ်သည်) အလ္လာဟ်အရှင်မြတ်၏အသိပညာဖြင့် ချပေးသနားတော်မူခြင်းခံခဲ့ရသည်သာလျှင် ဖြစ်ကြောင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍အလျှင်း မရှိကြောင်းကိုလည်းကောင်း၊ အသင်တို့ ကောင်းစွာယုံကြည်ကြလေကုန်။ သို့ဖြစ်ပေရာ ယခုအသင်တို့သည် မုစ်လင်မ် အမိန့်တော်ကို လိုက်နာသောသူများ ဖြစ်ကြပြီလော။

Choose other languages: