Quran Apps in many lanuages:

Surah Ghafir Ayahs #64 Translated in Burmese

وَقَالَ رَبُّكُمُ ادْعُونِي أَسْتَجِبْ لَكُمْ ۚ إِنَّ الَّذِينَ يَسْتَكْبِرُونَ عَنْ عِبَادَتِي سَيَدْخُلُونَ جَهَنَّمَ دَاخِرِينَ
ထို့ပြင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူခဲ့၏။ အသင်တို့သည် ငါအရှင်မြတ်ထံတော်တွင် ဆုတောင်း ပတ္ထနာပြုကြလေကုန်။ ငါအရှင်မြတ်သည် အသင်တို့၏ ဆုတောင်းပတ္ထနာပြုချက်ကို လက်ခံတော်မူမည်။ ဧကန်စင်စစ် ငါအရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ခြင်းမှ မောက်မာကြကုန်သောသူတို့မှာမူကား မကြာမြင့်မီပင် ဂုဏ်အသရေယုတ်ညံ့စွာနှင့် "ဂျဟန္နမ်"ငရဲဘုံသို့ ဝင်ရောက်ကြကုန်အံ့သတည်း။
اللَّهُ الَّذِي جَعَلَ لَكُمُ اللَّيْلَ لِتَسْكُنُوا فِيهِ وَالنَّهَارَ مُبْصِرًا ۚ إِنَّ اللَّهَ لَذُو فَضْلٍ عَلَى النَّاسِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَشْكُرُونَ
အလ္လာဟ်အရှင်မြတ်သည်ပင် အကြင်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အဖို့ ညဉ့်ကို ထိုညဉ့်၌အနားယူကြအံ့သောငှာ ပြုလုပ်တော်မူခဲ့သည့်ပြင်၊ နေ့ကို မြင်နိုင်စွမ်းပေးသောအရာအဖြစ် ပြုလုပ်ထားတော်မူ၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် လူတို့အပေါ်ဝယ် အမှန်ပင် ကျေးဇူးတော်ရှင်ဖြစ်တော်မူ၏။ သို့တစေလည်း မြောက်မြားစွာသောသူတို့မှာ ကျေးဇူးတော်ကို သိတတ်ကြသည် မဟုတ်ပေ။
ذَٰلِكُمُ اللَّهُ رَبُّكُمْ خَالِقُ كُلِّ شَيْءٍ لَا إِلَٰهَ إِلَّا هُوَ ۖ فَأَنَّىٰ تُؤْفَكُونَ
ထိုအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်းမရှိချေ။ သို့ဖြစ်ပေရာ အသင်တို့သည် အဘယ်သို့ ပြန်လှည့်ခြင်းခံကြရသနည်း။
كَذَٰلِكَ يُؤْفَكُ الَّذِينَ كَانُوا بِآيَاتِ اللَّهِ يَجْحَدُونَ
ထိုနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များကို ငြင်းပယ်လေ့ရှိခဲ့ ကြသောသူတို့သည်လည်း ပြန်လှည့်ခြင်း ခံခဲ့ကြရ၏။
اللَّهُ الَّذِي جَعَلَ لَكُمُ الْأَرْضَ قَرَارًا وَالسَّمَاءَ بِنَاءً وَصَوَّرَكُمْ فَأَحْسَنَ صُوَرَكُمْ وَرَزَقَكُمْ مِنَ الطَّيِّبَاتِ ۚ ذَٰلِكُمُ اللَّهُ رَبُّكُمْ ۖ فَتَبَارَكَ اللَّهُ رَبُّ الْعَالَمِينَ
အလ္လာဟ်အရှင်မြတ်သည်ပင် အကြင်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အဖို့ ပထဝီမြေကို မှီတင်းနေထိုင်ရာအဖြစ်လည်းကောင်း၊ မိုးကောင်းကင်ကို အမိုးအဖြစ်လည်းကောင်း၊ ပြုလုပ်၍ ပေးတော်မူခဲ့၏။ ထို့ပြင်ထိုအရှင်မြတ်သည် အသင်တို့၏ ပုံပန်းသဏ္ဍာန်ကို ပြုလုပ်တော်မူခဲ့ရာ အသင်တို့၏ ပုံပန်းသဏ္ဍာန်ကို ကောင်းမွန်လှပစွာ ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါး အသင်တို့အား စင်ကြယ်ကောင်းမွန်သောအရာများကို ကျွေးမွေးတော်မူခဲ့၏။ ထိုအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ စင်စစ်သော်ကား စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်သည် မင်္ဂလာအပေါင်းတို့နှင့် ပြည့်စုံလှတော်မူ၏။

Choose other languages: