Quran Apps in many lanuages:

Surah Fussilat Ayahs #32 Translated in Burmese

ذَٰلِكَ جَزَاءُ أَعْدَاءِ اللَّهِ النَّارُ ۖ لَهُمْ فِيهَا دَارُ الْخُلْدِ ۖ جَزَاءً بِمَا كَانُوا بِآيَاتِنَا يَجْحَدُونَ
ထိုသည်(ဝါ)ငရဲမီးသည် အလ္လာဟ်အရှင်မြတ်၏ရန်သူတို့၏ဆိုးကျိုးပင် ၎င်းတို့အဖို့ ငရဲမီး၌ အစဉ်ထာဝရနေထိုင်ရာဌာနသည် ရှိပေသည်။ (ဤသည်) ငါအရှင်မြတ်၏အာယတ်တော်များကို ၎င်းတို့ ငြင်းပယ်လေ့ရှိခဲ့ကြသောကြောင့်အစားပေးခြင်းပင် ဖြစ်ပေသည်။
وَقَالَ الَّذِينَ كَفَرُوا رَبَّنَا أَرِنَا اللَّذَيْنِ أَضَلَّانَا مِنَ الْجِنِّ وَالْإِنْسِ نَجْعَلْهُمَا تَحْتَ أَقْدَامِنَا لِيَكُونَا مِنَ الْأَسْفَلِينَ
ထိုအခါ ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့က လျှောက်ထားကြပေမည်။ အို-ကျွန်တော်မျိုး တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဂျင်(န်) သတ္တဝါတို့အနက်မှလည်းကောင်း၊ လူသားတို့အနက်မှလည်းကောင်း၊ ကျွန်တော်မျိုးတို့အား လမ်းလွဲစေခဲ့ကြသူနှစ်ဦးလုံးကို အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား ပြတော်မူပါ။ ၎င်းတို့သည် ဂုဏ်အသရေအညံ့ဆုံးသောသူများ (ငရဲမီးတွင်) အောက်ဆုံး၌ ရှိသူများဖြစ်ကြစေရန် ၎င်းတို့နှစ်ဦးအား ကျွန်တော် မျိုးသည် မိမိတု့ိ၏ခြေများအောက်တွင် ထားရှိကြပါမည်။
إِنَّ الَّذِينَ قَالُوا رَبُّنَا اللَّهُ ثُمَّ اسْتَقَامُوا تَتَنَزَّلُ عَلَيْهِمُ الْمَلَائِكَةُ أَلَّا تَخَافُوا وَلَا تَحْزَنُوا وَأَبْشِرُوا بِالْجَنَّةِ الَّتِي كُنْتُمْ تُوعَدُونَ
ဧကန်အမှန် အကြင်သူတို့သည် ကျွန်တော် မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကား အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည် ဟု ပြောခဲ့ ဆိုခဲ့ကြပြီးနောက်(ယင်းယုံကြည်ချက်ပေါ်၌ပင်) ဖြောင့်မတ်ကြံ့ခိုင်စွာ တည်ရှိနေခဲ့ကြကုန်၏။ မလာအိကဟ် ကောင်းကင်တမန်များသည်ထိုသူတို့ထံ ဆင်းသက်လာ၍ ဤသို့ပြောဆို နှစ်သိမ့်စေကြပေမည်။ အသင်တို့သည် စိုးရိမ်ခြင်းလည်း မရှိကြကုန်လင့်။ ပူဆွေးခြင်းလည်း မရှိကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည်မိမိတို့ကတိပေးခြင်းခံခဲ့ကြသောဂျန္နတ်သုခဘုံရရှိသည့်အတွက်ဝမ်းမြောက် ကြလေကုန်။
نَحْنُ أَوْلِيَاؤُكُمْ فِي الْحَيَاةِ الدُّنْيَا وَفِي الْآخِرَةِ ۖ وَلَكُمْ فِيهَا مَا تَشْتَهِي أَنْفُسُكُمْ وَلَكُمْ فِيهَا مَا تَدَّعُونَ
ကျွန်ုပ်တို့သည် လောကီဘဝ၌တွင်လည်း အသင်တို့၏အဆွေခင်ပွန်းများပင် ဖြစ်ခဲ့ကြကုန်၏။ ထိုနည်းတူစွာအာခိရတ် တမလွန်ဘဝ၌လည်း အဆွေခင်ပွန်းများဖြစ်ကြမည်။ ထို့ပြင် အသင်တို့အဖို့ ယင်းဂျန္နတ် သုခဘုံ၌ အသင်တို့အလိုဆန္ဒရှိသော အရာဟူသမျှ ရှိကြမည့်ပြင် အသင်တို့အဖို့ယင်းဂျန္နတ်သုခဘုံ၌ အသင်တို့တောင်းဆိုသော အရာဟူသမျှတို့သည်လည်း ရှိကြ ပေမည်။
نُزُلًا مِنْ غَفُورٍ رَحِيمٍ
(ဤသည်) အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော။ လွန်စွာသနားကြင်နာ ညှာတာတော်မူသောအရှင်မြတ်အထံတော်မှ ဧည့်ခံတော်မူခြင်းပင် ဖြစ်ပေသတည်း။

Choose other languages: