Quran Apps in many lanuages:

Surah Fatir Ayahs #25 Translated in Burmese

وَلَا الظِّلُّ وَلَا الْحَرُورُ
ထို့ပြင် အရိပ်အာဝါသနှင့် နေ၏အပူရှိန်သည်လည်း မတူပေ။
وَمَا يَسْتَوِي الْأَحْيَاءُ وَلَا الْأَمْوَاتُ ۚ إِنَّ اللَّهَ يُسْمِعُ مَنْ يَشَاءُ ۖ وَمَا أَنْتَ بِمُسْمِعٍ مَنْ فِي الْقُبُورِ
ထိုမှတစ်ပါး အသက်ရှင်သူများနှင့် သေသူများသည်လည်း မတူကြချေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသေသူအား ကြားစေတော်မူ၏။ သို့ရာတွင် အသင်သည် သချုႋင်းများတွင် ရှိသူတို့အား ကြားစေနိုင်သည် မဟုတ်ပေ။
إِنْ أَنْتَ إِلَّا نَذِيرٌ
အသင်သည် သတိပေးနှိုးဆော်သူ တစ်ဦးမျှသာဖြစ်၏။နောက်ဆုံး ပြန်ကြရကုန်အံ့သတည်း။
إِنَّا أَرْسَلْنَاكَ بِالْحَقِّ بَشِيرًا وَنَذِيرًا ۚ وَإِنْ مِنْ أُمَّةٍ إِلَّا خَلَا فِيهَا نَذِيرٌ
ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အားအမှန်တရားနှင့်တကွ ဝမ်းမြောက်ဖွယ် သတင်းပြောကြားသူအဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော် သူအဖြစ်လည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။ စင်စစ်သော်ကား သာသနာဝင်အုပ်စုတိုင်း၌ပင် သတိပေးနှိုးဆော်သူတစ်ဦး ပွင့်ရောက်ခဲ့သည်သာ ဖြစ်၏။
وَإِنْ يُكَذِّبُوكَ فَقَدْ كَذَّبَ الَّذِينَ مِنْ قَبْلِهِمْ جَاءَتْهُمْ رُسُلُهُمْ بِالْبَيِّنَاتِ وَبِالزُّبُرِ وَبِالْكِتَابِ الْمُنِيرِ
ထို့ပြင် အကယ်၍ ၎င်းတို့သည် အသင့်အားမုသာဝါဒီဟူ၍ စွပ်စွဲငြင်းပယ်ကြလျှင် အမှန်စင်စစ် ၎င်းတို့အလျင် ရှိခဲ့ဘူးကြသော ရှေးသူဟောင်းတို့ သည်လည်း မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြ ကုန်၏။ ထို(ရှေးသူဟောင်း)တို့ထံ ၎င်းတို့၏ ရစူလ်တမန်တော်များသည် ထင်ရှားစွာသောသက်သေလက္ခဏာများကိုလည်းကောင်း၊ ကျမ်းငယ်များကိုလည်းကောင်း၊ ကျမ်းကြီးများကိုလည်းကောင်း၊ ယူဆောင်၍လာခဲ့ကြကုန်၏။

Choose other languages: