Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #63 Translated in Burmese

إِنْ هُوَ إِلَّا عَبْدٌ أَنْعَمْنَا عَلَيْهِ وَجَعَلْنَاهُ مَثَلًا لِبَنِي إِسْرَائِيلَ
ထိုမရ်ယမ်၏သား (အီစာ)ကား ကျွန်တစ်ပါးမျှဖြစ်၏။ ငါအရှင်မြတ်သည် ၎င်း၏အပေါ်၌ ကျေးဇူးပြုတော်မူခဲ့သည့်ပြင် ၎င်းအား အီစ်ရာအီလီအမျိုးသားတို့အဖို့ စံနမူနာတစ်ခု ပြုလုပ်တော်မူခဲ့၏။
وَلَوْ نَشَاءُ لَجَعَلْنَا مِنْكُمْ مَلَائِكَةً فِي الْأَرْضِ يَخْلُفُونَ
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် အသင်တို့မှ "မလာအိကဟ်"ကောင်းကင်တမန်များကို ဖန်ဆင်းတော်မူခဲ့မည်ဖြစ်ရာ ထိုကောင်းကင်တမန်တို့မှာ ကမ္ဘာမြေဝယ် (အသင်တို့၏) အရိုက်အရာကို ဆက်ခံကြမည်ဖြစ်၏။
وَإِنَّهُ لَعِلْمٌ لِلسَّاعَةِ فَلَا تَمْتَرُنَّ بِهَا وَاتَّبِعُونِ ۚ هَٰذَا صِرَاطٌ مُسْتَقِيمٌ
ထိုမှတစ်ပါး ဧကန်မလွဲ ထိုမရ်ယမ်၏သား(အီစာ)မှာ "ကိယာမတ်" ရှင်ပြန်ထမည့် အချိန်ကာလနှင့် စပ်လျဉ်း၍ လက္ခဏာ၊ စည်းကမ်းချက်၊ သတ်မှတ်ချက် "ကိယာမတ်"ရှင်ပြန်ထမည့်နေ့ကို ယုံကြည်ရန် အကြောင်းတစ်ရပ်ပင်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ယင်းကိယာမတ်နှင့်စပ်လျဉ်း၍ ယုံမှားသံသယ မဖြစ်ကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် ငါ၏နောက်သို့ လိုက်ခဲ့ကြလေကုန် ဤသည် ဖြောင့်မတ်သော တရားလမ်းပင် ဖြစ်ပေသည်။
وَلَا يَصُدَّنَّكُمُ الشَّيْطَانُ ۖ إِنَّهُ لَكُمْ عَدُوٌّ مُبِينٌ
ထိုမှတစ်ပါး "ရှိုင်တွာန်" မိစ္ဆာကောင်သည် အသင်တို့အား (တရားလမ်းမှ) တားဆီးပိတ်ပင်ခြင်း မပြုစေရ။ဧကန်မလွဲ ၎င်းသည် အသင်တို့၏ ထင်ရှားစွာသော ရန်သူပင်ဖြစ်ပေ၏။
وَلَمَّا جَاءَ عِيسَىٰ بِالْبَيِّنَاتِ قَالَ قَدْ جِئْتُكُمْ بِالْحِكْمَةِ وَلِأُبَيِّنَ لَكُمْ بَعْضَ الَّذِي تَخْتَلِفُونَ فِيهِ ۖ فَاتَّقُوا اللَّهَ وَأَطِيعُونِ
၎င်းပြင် အီစာသည် ထင်ရှားစွာသောသက်သေ လက္ခဏာများနှင့်တကွ လာခဲ့သောအခါ (ဤသို့) ပြောကြားခဲ့လေ၏။ ဧကန်စင်စစ် ငါသည် အသင်တို့ထံ နက်နဲသိမ်မွေ့သော ဉာဏ်ပညာကို ယူဆောင်ခဲ့သည်။ ၎င်းပြင် ငါသည် အသင်တို့ သဘောကွဲလွဲကြသော အချို့အရေးကိစ္စတို့ကို အသင်တို့အား ရှင်းလင်း ဖော်ပြရန်လာခဲ့သည်။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့လေကြကုန်၊ ၎င်းပြင် ငါ၏စကားကို လိုက်နာကြလေကုန်။

Choose other languages: