Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #44 Translated in Burmese

أَفَأَنْتَ تُسْمِعُ الصُّمَّ أَوْ تَهْدِي الْعُمْيَ وَمَنْ كَانَ فِي ضَلَالٍ مُبِينٍ
သို့ဖြစ်ပေ�ာ(အို-နဗီတမန်တော်) အသင်သည် နားပင်းသူတို့အား (ဓမ္မဩဝါဒကို)ကြားစေနိုင်ပါသလော။ သို့တည်းမဟုတ် အသင်သည် မျက်စိကန်းသူတို့အား လည်းကောင်း၊ ထင်ရှားလှစွာသော လမ်းမှား၌ရှိနေသူတို့အား လည်းကောင်း၊ တရားလမ်းမှန်ကို ညွှန်ပြနိုင်ပါသလော။
فَإِمَّا نَذْهَبَنَّ بِكَ فَإِنَّا مِنْهُمْ مُنْتَقِمُونَ
တစ်ဖန် အကယ်၍ ငါအရှင်မြတ်သည် အသင့်အား(ဤလောကမှ)ဆောင်ယူသွားတော်မူပါလျှင်လည်း ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းတို့အား လက်စား ချေတော်မူအံ့သော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
أَوْ نُرِيَنَّكَ الَّذِي وَعَدْنَاهُمْ فَإِنَّا عَلَيْهِمْ مُقْتَدِرُونَ
သို့တည်းမဟုတ် ငါအရှင်မြတ်သည် ၎င်းတို့အား ချိန်းချက်တော်မူခဲ့သော ပြစ်ဒဏ်ကို အသင်အား (အသင်သည် ဤလောကီဘဝ၌ရှိနေစဉ်) ပြသတော်မူအံ့လည်း မလွဲဧကန် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ (ပြစ်ဒဏ်သက်ရောက်စေခြင်းကို ပြုစွမ်းနိုင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူ၏။)
فَاسْتَمْسِكْ بِالَّذِي أُوحِيَ إِلَيْكَ ۖ إِنَّكَ عَلَىٰ صِرَاطٍ مُسْتَقِيمٍ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မိမိထံ "ဝဟ်ယ်" ထုတ်ပြန်ခြင်းခံရလေသော ကုရ်အာန်ကျမ်းတော်မြတ်ကိုပင် အထောက်အထားပြုလျက် ရှိပါလေ။ဧကန်မလွဲ အသင်သည် ဖြောင့်မတ်သော လမ်းပေါ်၌ ရှိ၏။
وَإِنَّهُ لَذِكْرٌ لَكَ وَلِقَوْمِكَ ۖ وَسَوْفَ تُسْأَلُونَ
ထိုမှတစ်ပါး မုချဧကန် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် အသင်အဖို့ လည်းကောင်း၊ အသင်၏အမျိုးသားအဖို့ လည်းကောင်း၊ (ထူးကဲမြင့်မြတ်လှစွာသော) ဂုဏ်ကျက်သရေပင် ဖြစ်၏။ ထိုမှတစ်ပါး အသင်တို့အားလုံးသည် မကြာမြင့်မီပင် စစ်ဆေးမေးမြန်းခြင်းကို ခံကြရပေမည်။

Choose other languages: