Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #33 Translated in Burmese

بَلْ مَتَّعْتُ هَٰؤُلَاءِ وَآبَاءَهُمْ حَتَّىٰ جَاءَهُمُ الْحَقُّ وَرَسُولٌ مُبِينٌ
စင်စစ်မှာကား ငါအရှင်မြတ်သည် ဤသူတို့အားလည်းကောင်း၊ ဤသူတို့၏အဘ၊ ဘိုး၊ ဘေးတို့အားလည်းကောင်း၊ စည်းစိမ်ချမ်းသာကို ချီးမြှင့်တော်မူခဲ့၏။ နောက်ဆုံးတွင် ထိုသူထံသို့ (ကုရ်အာန်ကျမ်းတော်မြတ် တည်းဟူသော)အမှန်တရားသည် လည်းကောင်း၊ (အမိန့်ပညတ်တော်များကို)ဖော်ပြထင်ရှားစေသော ရစူလ်တမန်တော်တစ်ပါးသည် လည်းကောင်း ရောက်ရှိ၍လာခဲ့၏။
وَلَمَّا جَاءَهُمُ الْحَقُّ قَالُوا هَٰذَا سِحْرٌ وَإِنَّا بِهِ كَافِرُونَ
သို့ရာတွင် ၎င်းတို့ထံ (ကုရ်အာန်ကျမ်းတော်မြတ်တည်းဟူသော) အမှန်တရားသည် ရောက်ရှိလာခဲ့သောအခါ ၎င်းတို့က "ဤသည် စုန်းအတတ် ပညာဖြစ်၏။ ၎င်းပြင် ဧကန်စင်စစ် ကျွန်ုပ်တို့သည် ဤသည်ကို ငြင်းပယ်သူများပင် ဖြစ်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။
وَقَالُوا لَوْلَا نُزِّلَ هَٰذَا الْقُرْآنُ عَلَىٰ رَجُلٍ مِنَ الْقَرْيَتَيْنِ عَظِيمٍ
ထိုမှတစ်ပါး ၎င်းတို့က ဤကုရ်အာန်ကျမ်းမြတ်သည် (‘မက္ကဟ်မြို့’ နှင့် ‘သွာအစ်ဖ်မြို့’) နှစ်မြို့မှ လူကြီးလူကောင်း တစ်ဦးတစ်ယောက်၏ အပေါ်၌ အဘယ်ကြောင့်ချပေးခြင်း မခံခဲ့ရသနည်း"ဟု ပြောဆိုခဲ့ကြကုန်၏။
أَهُمْ يَقْسِمُونَ رَحْمَتَ رَبِّكَ ۚ نَحْنُ قَسَمْنَا بَيْنَهُمْ مَعِيشَتَهُمْ فِي الْحَيَاةِ الدُّنْيَا ۚ وَرَفَعْنَا بَعْضَهُمْ فَوْقَ بَعْضٍ دَرَجَاتٍ لِيَتَّخِذَ بَعْضُهُمْ بَعْضًا سُخْرِيًّا ۗ وَرَحْمَتُ رَبِّكَ خَيْرٌ مِمَّا يَجْمَعُونَ
အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကရုဏာတည်းဟူသော နဗီတမန်တော်အဖြစ် ချီးမြှောက်ခြင်းကို ၎င်းတို့သည်ပင် ခွဲဝေပေးကြ သလော။(စင်စစ်သော်ကား) ငါအရှင်မြတ်သည် လောကီဘဝ၌ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း ပရိသေသနကိစ္စ စားနပ်ရိက္ခာကိုပင် ၎င်းတို့၏အကြား၌ ခွဲဝေပေးထားတော်မူခဲ့၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အနက် အချို့သည် အချို့အား လက်အောက်ခံ အခိုင်းအစေ ပြုအံ့သောငှာ ၎င်းတို့အနက် အချို့ကို အချို့ထက် အဆင့်အတန်းများစွာ မြှင့်ပေးတော်မူခဲ့၏။ စင်စစ်မှာကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကရုဏာတော်သည် ၎င်းတို့ ဆည်းပူး စုဆောင်းလျက်ရှိကြသည်တို့ထက် သာလွန် ကောင်းမြတ်လှပေသည်။
وَلَوْلَا أَنْ يَكُونَ النَّاسُ أُمَّةً وَاحِدَةً لَجَعَلْنَا لِمَنْ يَكْفُرُ بِالرَّحْمَٰنِ لِبُيُوتِهِمْ سُقُفًا مِنْ فِضَّةٍ وَمَعَارِجَ عَلَيْهَا يَظْهَرُونَ
စင်စစ်မှာကား အကယ်၍သာ လူခပ်သိမ်းတို့သည် (မိစ္ဆာ)သာသနာဝင် အုပ်စုတစ်စုတည်းသာ ဖြစ်သွားကြရန် အကြောင်းမရှိခဲ့ပါလျှင် အမှန်ပင် ငါအရှင်မြတ်သည် အနန္တ ကရုဏာတော်ရှင်အား သွေဖည် ငြင်းပယ်ကြကုန်သော သူတို့အဖို့ ၎င်းတို့ နေအိမ်များ၏အမိုးတို့ကို ငွေဖြင့်ပြုလုပ်၍ပေးတော် မူခဲ့မည်သာ၊ ၎င်းပြင် လှေကားများကိုလည်း(ငွေဖြင့်ပြုလုပ်၍ ပေးတော်မူခဲ့မည်သာ၊) ၎င်းတို့သည် ယင်း(လှေကားများဖြင့်) အမိုးများသို့ တက်ကြပေမည်။

Choose other languages: