Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #29 Translated in Burmese

فَانْتَقَمْنَا مِنْهُمْ ۖ فَانْظُرْ كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ
သို့ဖြစ်သောကြောင့်ပင် ငါအရှင်မြတ်သည် ၎င်းတို့အား တုံ့ပြန်လက်စားချေတော်မူခဲ့၏။ သို့ဖြစ်ပေရာ (အိုနဗီတမန်တော်)အသင်သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်သောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံရှိခဲ့သည်ကို (လေ့လာ) ကြည့်ရှုပါလေ။
وَإِذْ قَالَ إِبْرَاهِيمُ لِأَبِيهِ وَقَوْمِهِ إِنَّنِي بَرَاءٌ مِمَّا تَعْبُدُونَ
ထိုမှတစ်ပါး (ပြန်လည်သတိရရှိကြလေကုန်၊)တစ်ရံရောအခါဝယ် "တမန်တော်အိဗ်ရာဟီမ်"သည် မိမိဘခင်အားလည်းကောင်း၊ မိမိအမျိုးသားအားလည်းကောင်း၊ "မုချဧကန် ငါသည် အသင်တို့ ဆည်းကပ် ကိုးကွယ်ကြသည်တို့မှကင်းလွတ်၏"။
إِلَّا الَّذِي فَطَرَنِي فَإِنَّهُ سَيَهْدِينِ
အကြင် အရှင်မြတ်မှတစ်ပါး "(တစ်နည်း) သို့ရာတွင် (ငါသည်)အကြင်အရှင်မြတ်အားသာလျှင် (ဆည်းကပ်ကိုးကွယ်၏)" ထိုအရှင်မြတ်သည် ငါ့အား ဖန်ဆင်းတော်မူခဲ့၏။တစ်ဖန် ထိုအရှင်မြတ်သည်ပင် ငါ့အား တရားလမ်းမှန်ကိုပြသတော်မူ၏။
وَجَعَلَهَا كَلِمَةً بَاقِيَةً فِي عَقِبِهِ لَعَلَّهُمْ يَرْجِعُونَ
ထိုမှတစ်ပါး ထိုအိဗ်ရာဟီမ်သည် ယင်း("တောင်ဟီဒ်"တည်းဟူသောအယူဝါဒ)ကို ထို(မက္ကဟ်မြို့သား၊ မုရှ်ရစ်က်)တို့(အနာဂတ်ကာလ၌လည်း "တောင်ဟီဒ်" ဘက်သို့ ပြန်လှည့်ကြအံ့သောငှာ မိမိနောက်တွင် ဆက်လက်တည်ရှိခဲ့သော စကားမွန်တစ်ရပ် ဖြစ်စေခဲ့၏။)
بَلْ مَتَّعْتُ هَٰؤُلَاءِ وَآبَاءَهُمْ حَتَّىٰ جَاءَهُمُ الْحَقُّ وَرَسُولٌ مُبِينٌ
စင်စစ်မှာကား ငါအရှင်မြတ်သည် ဤသူတို့အားလည်းကောင်း၊ ဤသူတို့၏အဘ၊ ဘိုး၊ ဘေးတို့အားလည်းကောင်း၊ စည်းစိမ်ချမ်းသာကို ချီးမြှင့်တော်မူခဲ့၏။ နောက်ဆုံးတွင် ထိုသူထံသို့ (ကုရ်အာန်ကျမ်းတော်မြတ် တည်းဟူသော)အမှန်တရားသည် လည်းကောင်း၊ (အမိန့်ပညတ်တော်များကို)ဖော်ပြထင်ရှားစေသော ရစူလ်တမန်တော်တစ်ပါးသည် လည်းကောင်း ရောက်ရှိ၍လာခဲ့၏။

Choose other languages: