Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #16 Translated in Burmese

وَالَّذِي خَلَقَ الْأَزْوَاجَ كُلَّهَا وَجَعَلَ لَكُمْ مِنَ الْفُلْكِ وَالْأَنْعَامِ مَا تَرْكَبُونَ
၎င်းပြင် အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် အလုံးစုံသော ဖိုမ-စုံတွဲအမျိုးအစားများကို ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ စီးနင်းကြကုန်သော သင်္ဘောများကိုလည်းကောင်း၊ ခြေလေးချောင်းတိရစ္ဆာန်များကိုလည်းကောင်း ပြုလုပ်ဖန်ဆင်းတော်မူခဲ့၏။
لِتَسْتَوُوا عَلَىٰ ظُهُورِهِ ثُمَّ تَذْكُرُوا نِعْمَةَ رَبِّكُمْ إِذَا اسْتَوَيْتُمْ عَلَيْهِ وَتَقُولُوا سُبْحَانَ الَّذِي سَخَّرَ لَنَا هَٰذَا وَمَا كُنَّا لَهُ مُقْرِنِينَ
အသင်တို့သည် ယင်း(အစီးအနင်းတို့)၏ ကျောက်ကုန်းများထက်ဝယ် ကျနမြဲမြံစွာ တက်စီးကြအံ့သောငှာ လည်းကောင်း၊ ထို့နောက် အသင်တို့သည် ယင်း(အစီးအနင်း)ပေါ်၌ ကျနမြဲမြံစွာ တက်စီးခဲ့ကြသောအခါ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကျေးဇူးတော်ကို အောက်မေ့တသ သတိရကြအံ့သောငှာ လည်းကောင်း၊ (ဤသို့)ပြောဆိုအံ့ သောငှာလည်းကောင်း၊ "ကျွန်တော်မျိုးတို့အဖို့ ဤအစီးအနင်းကို နိုင်နင်းစေတော်မူခဲ့သော အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူပါ၏။ အမှန်စင်စစ်သော်ကား ကျွန်တော်မျိုးတို့သည် ဤအစီးအနင်းကို နိုင်နင်းကြသူများ မဟုတ်ခဲ့ပေ။
وَإِنَّا إِلَىٰ رَبِّنَا لَمُنْقَلِبُونَ
၎င်းပြင် ဧကန်မလွဲ ကျွန်တော်မျိုးတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ အမှန်ပင် ပြန်သွားကြအံ့သောသူများပင် ဖြစ်ကြပေသတည်း။
وَجَعَلُوا لَهُ مِنْ عِبَادِهِ جُزْءًا ۚ إِنَّ الْإِنْسَانَ لَكَفُورٌ مُبِينٌ
သို့သော်လည်း ၎င်းတို့သည် ထိုအရှင်မြတ်၏ကျွန်များအနက် (အချို့ကို)ထိုအရှင်မြတ်၏ အစိတ်အပိုင်း တစ်ခုဟူ၍ သတ်မှတ်ခဲ့ကြကုန်၏။ ဧကန်အမှန် လူသားသည် ထင်ရှားစွာသော ကျေးဇူးကန်းသူပင် ဖြစ်ချေသည်။
أَمِ اتَّخَذَ مِمَّا يَخْلُقُ بَنَاتٍ وَأَصْفَاكُمْ بِالْبَنِينَ
ထိုအရှင်မြတ်သည် မိမိအဖန်ဆင်းခံတို့အနက် မိမိအဖို့ သမီးမိန်းကလေးများကို ရွေးချယ်တော်မူ၍ အသင်တို့ကိုမူကား သားယောက်ျားကလေးတို့ဖြင့် ချီးမြှောက်တော်မူခဲ့ပါသလော။

Choose other languages: