Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #18 Translated in Burmese

وَإِنَّا إِلَىٰ رَبِّنَا لَمُنْقَلِبُونَ
၎င်းပြင် ဧကန်မလွဲ ကျွန်တော်မျိုးတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ အမှန်ပင် ပြန်သွားကြအံ့သောသူများပင် ဖြစ်ကြပေသတည်း။
وَجَعَلُوا لَهُ مِنْ عِبَادِهِ جُزْءًا ۚ إِنَّ الْإِنْسَانَ لَكَفُورٌ مُبِينٌ
သို့သော်လည်း ၎င်းတို့သည် ထိုအရှင်မြတ်၏ကျွန်များအနက် (အချို့ကို)ထိုအရှင်မြတ်၏ အစိတ်အပိုင်း တစ်ခုဟူ၍ သတ်မှတ်ခဲ့ကြကုန်၏။ ဧကန်အမှန် လူသားသည် ထင်ရှားစွာသော ကျေးဇူးကန်းသူပင် ဖြစ်ချေသည်။
أَمِ اتَّخَذَ مِمَّا يَخْلُقُ بَنَاتٍ وَأَصْفَاكُمْ بِالْبَنِينَ
ထိုအရှင်မြတ်သည် မိမိအဖန်ဆင်းခံတို့အနက် မိမိအဖို့ သမီးမိန်းကလေးများကို ရွေးချယ်တော်မူ၍ အသင်တို့ကိုမူကား သားယောက်ျားကလေးတို့ဖြင့် ချီးမြှောက်တော်မူခဲ့ပါသလော။
وَإِذَا بُشِّرَ أَحَدُهُمْ بِمَا ضَرَبَ لِلرَّحْمَٰنِ مَثَلًا ظَلَّ وَجْهُهُ مُسْوَدًّا وَهُوَ كَظِيمٌ
စင်စစ်သော်ကား ၎င်းတို့အနက် တစ်စုံတစ်ယောက်သည် မိမိကိုယ်တိုင် အနန္တကရုဏာတော်ရှင်အား ခိုင်းနှိုင်းဖော်ပြ စော်ကားခဲ့သောအရာဖြင့် သတင်းကောင်း ပြောကြားခြင်းကို ခံရလေသောအခါ ထိုသူသည် စိတ်တွင်းခံစားမှုကို ချုပ်တည်းမျိုသိပ်လျက်ရှိသည်သာမက ၎င်း၏မျက်နှာမှာလည်း တစ်နေကုန် ညှိုးနွမ်းမည်းမှောင်၍ပင် နေလေတော့၏။
أَوَمَنْ يُنَشَّأُ فِي الْحِلْيَةِ وَهُوَ فِي الْخِصَامِ غَيْرُ مُبِينٍ
မည်သို့နည်း။ လက်ဝတ်လက်စား အလှဆင်ယင်မှု၌ ပေါက်ဖွားကြီးပြင်းလာရသည့်ပြင် အချေအတင်ပြောဆိုရာ၌လည်း ရှုပ်ထွေးပွေလီစေသောသူသည် (အလ္လာဟ်အရှင်မြတ်)သမီးဖြစ်နိုင်ရန် အရည်အချင်း ရှိပါသလော။

Choose other languages: