Quran Apps in many lanuages:

Surah Az-Zamar Ayahs #61 Translated in Burmese

أَوْ تَقُولَ لَوْ أَنَّ اللَّهَ هَدَانِي لَكُنْتُ مِنَ الْمُتَّقِينَ
သို့တည်းမဟုတ် (မည်သူမဆို) "ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ငါ့အား အကယ်၍သာ တရားလမ်းမှန်သို့ ပို့ပေးတော်မူခဲ့ပါလျှင် ငါသည် "မွတ္တကီ" ပြစ်မှုများမှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်တို့အနက် အမှန်ပင် အပါအဝင်ဖြစ်ခဲ့ပေမည်" ဟူ၍ မပြောဆိုနိုင်ရန်လည်းကောင်း။
أَوْ تَقُولَ حِينَ تَرَى الْعَذَابَ لَوْ أَنَّ لِي كَرَّةً فَأَكُونَ مِنَ الْمُحْسِنِينَ
သို့တည်းမဟုတ် (မည်သူမဆို) ပြစ်ဒဏ်ကို တွေ့မြင်လေသောအချိန်အခါ၌ "ဧကန်မလွဲ ငါသည် အကယ်၍သာ (ကမ္ဘာလောကသို့)တဖန်ပြန်၍ သွားနိုင်လျှင် ကောင်းလေစွ။ သို့ဖြစ်ခဲ့လျှင် ငါသည် သူတော်ကောင်းတို့အနက် အပါအဝင်ဖြစ်ပေမည်" ဟူ၍ မပြောဆိုနိုင်ရန်လည်းကောင်း၊ (ထုတ်ပြန်တော်မူခြင်းဖြစ်၏၊)
بَلَىٰ قَدْ جَاءَتْكَ آيَاتِي فَكَذَّبْتَ بِهَا وَاسْتَكْبَرْتَ وَكُنْتَ مِنَ الْكَافِرِينَ
အဘယ်ကြောင့်မဟုတ်သနည်း။ ငါအရှင်မြတ်၏ အမိန့်-အာယတ်တော်များသည် အသင့်ထံသို့ ဧကန်မလွဲ ရောက်ရှိလာခဲ့ပေသည်။ သို့ရာတွင် အသင်သည် ယင်းအမိန့်အာယတ်တော်များကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ပေသည်။ ထို့ပြင် အသင်သည် မာန်မာန ထောင်လွှားခဲ့ပေသည်။ထိုမှတစ်ပါး အသင်သည် "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့တွင် အပါအဝင် ဖြစ်ခဲ့ပေသတည်း။
وَيَوْمَ الْقِيَامَةِ تَرَى الَّذِينَ كَذَبُوا عَلَى اللَّهِ وُجُوهُهُمْ مُسْوَدَّةٌ ۚ أَلَيْسَ فِي جَهَنَّمَ مَثْوًى لِلْمُتَكَبِّرِينَ
စင်စစ်သော်ကား (အို-နဗီတမန်တော်၊) အသင်သည် "ကိယာမတ်"ရှင်ပြန်ထမည့်နေ့တွင် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားပြောဆိုစွပ်စွဲခဲ့ကြ ကုန်သောသူတို့အား၊ ၎င်းတို့၏မျက်နှာတို့မှာ မည်း၍နေကြသည်ကို တွေ့မြင်ပေမည်။ မာန်မာနထောင်လွှား ကြသောသူတို့၏ နေထိုင်ရာဌာနသည် "ဂျဟန္နမ်" ငရဲဘုံ၌ ရှိသည်မဟုတ်လော။
وَيُنَجِّي اللَّهُ الَّذِينَ اتَّقَوْا بِمَفَازَتِهِمْ لَا يَمَسُّهُمُ السُّوءُ وَلَا هُمْ يَحْزَنُونَ
၎င်းပြင် ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော "မွတ္တကီ" သူတော်စင်တို့ကိုမူကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ အောင်မြင်မှုနှင့်တကွ လွတ်မြောက်စေတော်မူပေမည်။ ၎င်းတို့တွင် ဘေးဒုက္ခသည်လည်း ဆိုက်ရောက်မည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ပူဆွေးကြရမည်လည်း မဟုတ်ပေတကား။

Choose other languages: