Quran Apps in many lanuages:

Surah Az-Zamar Ayahs #59 Translated in Burmese

وَاتَّبِعُوا أَحْسَنَ مَا أُنْزِلَ إِلَيْكُمْ مِنْ رَبِّكُمْ مِنْ قَبْلِ أَنْ يَأْتِيَكُمُ الْعَذَابُ بَغْتَةً وَأَنْتُمْ لَا تَشْعُرُونَ
ထိုမှတစ်ပါး အသင်တို့သည် မိမိတို့ထံ ပြစ်ဒဏ်သည် အသင်တို့မသိခိုက်၊ ရုတ်တရက် ဆိုက်ရောက်၍မလာမီပင် မိမိတို့၏ အရှင်မြတ်အထံတော်မှ မိမိတို့ထံ ထုတ်ပြန်တော်မူခြင်းခံခဲ့ရလေသော အကောင်းဆုံးအမိန့်တော်(ကုရ်အာန်ကျမ်းတော်မြတ်)ကို လိုက်နာ(ကျင့်သုံး)ကြလေကုန်။
أَنْ تَقُولَ نَفْسٌ يَا حَسْرَتَا عَلَىٰ مَا فَرَّطْتُ فِي جَنْبِ اللَّهِ وَإِنْ كُنْتُ لَمِنَ السَّاخِرِينَ
(ဤသည့်အမိန့်တော်ကို ထုတ်ပြန်တော်မူခြင်းမှာ) မည်သူတစ်ဦးတစ်ယောက်မျှပင် "ဪ-ငါသည်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို လိုက်နာ ခြင်းနှင့်စပ်လျဉ်း၍ ပျက်ကွက်လစ်ဟင်းပေါ့ဆခဲ့သောကြောင့် ဝမ်းနည်းရလေခြင်း" ဟူ၍ မပြောဆိုနိုင်ရန် လည်းကောင်း။
أَوْ تَقُولَ لَوْ أَنَّ اللَّهَ هَدَانِي لَكُنْتُ مِنَ الْمُتَّقِينَ
သို့တည်းမဟုတ် (မည်သူမဆို) "ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ငါ့အား အကယ်၍သာ တရားလမ်းမှန်သို့ ပို့ပေးတော်မူခဲ့ပါလျှင် ငါသည် "မွတ္တကီ" ပြစ်မှုများမှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်တို့အနက် အမှန်ပင် အပါအဝင်ဖြစ်ခဲ့ပေမည်" ဟူ၍ မပြောဆိုနိုင်ရန်လည်းကောင်း။
أَوْ تَقُولَ حِينَ تَرَى الْعَذَابَ لَوْ أَنَّ لِي كَرَّةً فَأَكُونَ مِنَ الْمُحْسِنِينَ
သို့တည်းမဟုတ် (မည်သူမဆို) ပြစ်ဒဏ်ကို တွေ့မြင်လေသောအချိန်အခါ၌ "ဧကန်မလွဲ ငါသည် အကယ်၍သာ (ကမ္ဘာလောကသို့)တဖန်ပြန်၍ သွားနိုင်လျှင် ကောင်းလေစွ။ သို့ဖြစ်ခဲ့လျှင် ငါသည် သူတော်ကောင်းတို့အနက် အပါအဝင်ဖြစ်ပေမည်" ဟူ၍ မပြောဆိုနိုင်ရန်လည်းကောင်း၊ (ထုတ်ပြန်တော်မူခြင်းဖြစ်၏၊)
بَلَىٰ قَدْ جَاءَتْكَ آيَاتِي فَكَذَّبْتَ بِهَا وَاسْتَكْبَرْتَ وَكُنْتَ مِنَ الْكَافِرِينَ
အဘယ်ကြောင့်မဟုတ်သနည်း။ ငါအရှင်မြတ်၏ အမိန့်-အာယတ်တော်များသည် အသင့်ထံသို့ ဧကန်မလွဲ ရောက်ရှိလာခဲ့ပေသည်။ သို့ရာတွင် အသင်သည် ယင်းအမိန့်အာယတ်တော်များကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ပေသည်။ ထို့ပြင် အသင်သည် မာန်မာန ထောင်လွှားခဲ့ပေသည်။ထိုမှတစ်ပါး အသင်သည် "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့တွင် အပါအဝင် ဖြစ်ခဲ့ပေသတည်း။

Choose other languages: