Quran Apps in many lanuages:

Surah At-Tur Ayahs #43 Translated in Burmese

أَمْ لَهُ الْبَنَاتُ وَلَكُمُ الْبَنُونَ
သို့တည်းမဟုတ် ထိုအရှင်မြတ်၌ သမီးမိန်းကလေးများ ရှိကြပြီး၊ ၎င်းတို့၌မူ သားယောက်ျားကလေးများ ရှိကြလေသလော။
أَمْ تَسْأَلُهُمْ أَجْرًا فَهُمْ مِنْ مَغْرَمٍ مُثْقَلُونَ
သို့တည်းမဟုတ် အသင်သည် ၎င်းတို့ထံ အခကျေးဇူးတစ်စုံတစ်ရာကို တောင်းဆိုသောကြောင့် ၎င်းတို့သည် ကြွေးမြီပေးဆပ်ရန် တာဝန်၌ပိလျက် ရှိနေကြလေသလော။
أَمْ عِنْدَهُمُ الْغَيْبُ فَهُمْ يَكْتُبُونَ
သို့တည်းမဟုတ် ၎င်းတို့ထံတွင် အကွယ်၌ ရှိသည်တို့ကို (သိစွမ်းနိုင်သော အသိပညာရှိသောကြောင့်) ၎င်းတို့သည် ရေးမှတ်ထားကြလေသလော။
أَمْ يُرِيدُونَ كَيْدًا ۖ فَالَّذِينَ كَفَرُوا هُمُ الْمَكِيدُونَ
သို့တည်းမဟုတ် ၎င်းတို့သည် တစ်စုံတစ်ရာမကောင်း ကြံစည်ရန် ရည်ရွယ်ကြလေသလော။ သို့ ဖြစ်လျှင် `ကာဖိရ်` သွေဖည် ငြင်းပယ်ကြကုန်သော သူတို့သည်ပင်လျှင် မကောင်းသော အကြံအစည်၌ မိနေကြကုန်၏။
أَمْ لَهُمْ إِلَٰهٌ غَيْرُ اللَّهِ ۚ سُبْحَانَ اللَّهِ عَمَّا يُشْرِكُونَ
သို့တည်းမဟုတ် ၎င်းတို့၌ အလ္လာဟ်အရှင်မြတ် အပြင် ကိုးကွယ်ရာအရှင်မြတ် တစ်ပါးပါးရှိလေသလော။အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ တွဲဖက် ကိုးကွယ်ကြသည်တို့မှ လုံးဝစင်ကြယ် သန့်ရှင်းတော်မူပေသတည်း။

Choose other languages: