Quran Apps in many lanuages:

Surah At-Tur Ayahs #45 Translated in Burmese

أَمْ عِنْدَهُمُ الْغَيْبُ فَهُمْ يَكْتُبُونَ
သို့တည်းမဟုတ် ၎င်းတို့ထံတွင် အကွယ်၌ ရှိသည်တို့ကို (သိစွမ်းနိုင်သော အသိပညာရှိသောကြောင့်) ၎င်းတို့သည် ရေးမှတ်ထားကြလေသလော။
أَمْ يُرِيدُونَ كَيْدًا ۖ فَالَّذِينَ كَفَرُوا هُمُ الْمَكِيدُونَ
သို့တည်းမဟုတ် ၎င်းတို့သည် တစ်စုံတစ်ရာမကောင်း ကြံစည်ရန် ရည်ရွယ်ကြလေသလော။ သို့ ဖြစ်လျှင် `ကာဖိရ်` သွေဖည် ငြင်းပယ်ကြကုန်သော သူတို့သည်ပင်လျှင် မကောင်းသော အကြံအစည်၌ မိနေကြကုန်၏။
أَمْ لَهُمْ إِلَٰهٌ غَيْرُ اللَّهِ ۚ سُبْحَانَ اللَّهِ عَمَّا يُشْرِكُونَ
သို့တည်းမဟုတ် ၎င်းတို့၌ အလ္လာဟ်အရှင်မြတ် အပြင် ကိုးကွယ်ရာအရှင်မြတ် တစ်ပါးပါးရှိလေသလော။အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ တွဲဖက် ကိုးကွယ်ကြသည်တို့မှ လုံးဝစင်ကြယ် သန့်ရှင်းတော်မူပေသတည်း။
وَإِنْ يَرَوْا كِسْفًا مِنَ السَّمَاءِ سَاقِطًا يَقُولُوا سَحَابٌ مَرْكُومٌ
စင်စစ်သော်ကား အကယ်၍သာ ၎င်းတို့သည် မိုးကောင်းကင်၏ အစိတ်အပိုင်းတစ်ခုခု ကျလာသည် ကိုတွေ့မြင်ကြသည် ရှိအံ့ငြားလည်း (ဤသည်)အထပ်ထပ် ထပ်ဆင့်ထားသော မိုးတိမ်သာလျှင် ဖြစ်သည်ဟု ဆိုကြဦးပေမည်။
فَذَرْهُمْ حَتَّىٰ يُلَاقُوا يَوْمَهُمُ الَّذِي فِيهِ يُصْعَقُونَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား ၎င်းတို့၏အကြင်နေ့နှင့် တွေ့ကြုံကြရသည်အထိ စွန့်လွှတ်၍ ထားရှိပါလေ၊ ထိုနေ့တွင် ၎င်းတို့သေဆုံးကြပေမည်။

Choose other languages: