Quran Apps in many lanuages:

Surah At-Tur Ayahs #40 Translated in Burmese

أَمْ خَلَقُوا السَّمَاوَاتِ وَالْأَرْضَ ۚ بَلْ لَا يُوقِنُونَ
သို့တည်းမဟုတ် ထိုသူတို့သည် မိုးကောင်းကင်များနှင့်ပထဝီမြေကို ဖန်ဆင်းခဲ့ကြလေသလော။ စင်စစ်မှာကား ၎င်းတို့သည် ယုံကြည်ကြသည် မဟုတ်ပေ။
أَمْ عِنْدَهُمْ خَزَائِنُ رَبِّكَ أَمْ هُمُ الْمُصَيْطِرُونَ
သို့တည်းမဟုတ် ၎င်းတို့ထံ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ဘဏ္ဍာတော်များ ရှိလေသလော။ သို့တည်းမဟုတ် ၎င်းတို့သည် ကွပ်ကဲ အုပ်ချုပ်သူများပင် ဖြစ်ကြလေသလော။
أَمْ لَهُمْ سُلَّمٌ يَسْتَمِعُونَ فِيهِ ۖ فَلْيَأْتِ مُسْتَمِعُهُمْ بِسُلْطَانٍ مُبِينٍ
သို့တည်းမဟုတ် ၎င်းတို့၌ လှေကား တစ်စုံတစ်ခုရှိနေ၍ ၎င်းတို့သည် ထိုလှေကားဖြင့် (မိုးကောင်းကင်မ� စကားများကို) နားထောင်ကြလေသလော။ သို့ဖြစ်လျှင် ၎င်းတို့အနက်မှ နားထောင်သောသူသည် ထင်ရှားစွာသော သက်သေသာဓကကို ဆောင်ယူခဲ့ရပေမည်။
أَمْ لَهُ الْبَنَاتُ وَلَكُمُ الْبَنُونَ
သို့တည်းမဟုတ် ထိုအရှင်မြတ်၌ သမီးမိန်းကလေးများ ရှိကြပြီး၊ ၎င်းတို့၌မူ သားယောက်ျားကလေးများ ရှိကြလေသလော။
أَمْ تَسْأَلُهُمْ أَجْرًا فَهُمْ مِنْ مَغْرَمٍ مُثْقَلُونَ
သို့တည်းမဟုတ် အသင်သည် ၎င်းတို့ထံ အခကျေးဇူးတစ်စုံတစ်ရာကို တောင်းဆိုသောကြောင့် ၎င်းတို့သည် ကြွေးမြီပေးဆပ်ရန် တာဝန်၌ပိလျက် ရှိနေကြလေသလော။

Choose other languages: