Quran Apps in many lanuages:

Surah At-Tur Ayahs #35 Translated in Burmese

قُلْ تَرَبَّصُوا فَإِنِّي مَعَكُمْ مِنَ الْمُتَرَبِّصِينَ
(အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် စောင့်ဆိုင်း၍ နေကြလေကုန်။ သို့ဖြစ်လျှင် ဧကန်အမှန် ငါသည်လည်း အသင်တို့နှင့်အတူ စောင့်ဆိုင်းသူတို့တွင် အပါအဝင်ဖြစ်၏။
أَمْ تَأْمُرُهُمْ أَحْلَامُهُمْ بِهَٰذَا ۚ أَمْ هُمْ قَوْمٌ طَاغُونَ
သို့တည်းမဟုတ် ၎င်းတို့၏ အသိဉာဏ်များက ဤသည်နှင့်စပ်လျဉ်း၍ ၎င်းတို့အား အမိန့်ပေးလေသလော။သို့တည်းမဟုတ် ၎င်းတို့ကိုယ်တိုင်ပင် ဆိုးသွမ်းသူများ ဖြစ်ကြလေသလော။
أَمْ يَقُولُونَ تَقَوَّلَهُ ۚ بَلْ لَا يُؤْمِنُونَ
သို့တည်းမဟုတ် ၎င်းတို့က ထိုသူ(တမန်တော်မြတ်)သည် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)ကို ကြံစည်ဖန်တီးခဲ့သည်ဟု ပြောဆိုကြလေသလော။ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့ ကိုယ်တိုင် သက်ဝင်ယုံကြည်ခြင်းမရှိကြပေ။
فَلْيَأْتُوا بِحَدِيثٍ مِثْلِهِ إِنْ كَانُوا صَادِقِينَ
သို့ဖြစ်လျှင် အကယ်၍ ၎င်းတို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် ယင်း(ကုရ်အာန်ကျမ်းမြတ်)ကဲ့သို့သော အာယတ်တော် တစ်စုံတစ်ရာကို ၎င်းတို့ ယူဆောင်၍ လာကြရပေမည်။
أَمْ خُلِقُوا مِنْ غَيْرِ شَيْءٍ أَمْ هُمُ الْخَالِقُونَ
သို့တည်းမဟုတ် ၎င်းတို့သည် (ဖန်ဆင်းသူ) တစ်စုံတစ်ယောက်မျှ မရှိဘဲ ဖန်ဆင်းခြင်း ခံခဲ့ကြရလေသလော။သို့တည်းမဟုတ် ၎င်းတို့ကိုယ်တိုင် (မိမိ တို့ကိုယ်ကို) ဖန်ဆင်းသူများ ဖြစ်လေသလော။

Choose other languages: