Quran Apps in many lanuages:

Surah At-Tur Ayahs #32 Translated in Burmese

إِنَّا كُنَّا مِنْ قَبْلُ نَدْعُوهُ ۖ إِنَّهُ هُوَ الْبَرُّ الرَّحِيمُ
ဧကန်အမှန် ကျွန်ုပ်တို့သည် ရှေးအထက်ကျော်ကာလ၌ ထိုအရှင်မြတ်အထံတော်တွင် ဆုတောင်းလျက် ရှိခဲ့ကြကုန်၏။ ဧကန်မလွဲ ထိုအရှင်မြတ်မှာကား လွန်စွာ ကျေးဇူးပြုတော်မူသောအရှင်၊ လွန်စွာ သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
فَذَكِّرْ فَمَا أَنْتَ بِنِعْمَتِ رَبِّكَ بِكَاهِنٍ وَلَا مَجْنُونٍ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊)အသင်သည် သတိပေးဆုံးမလျက် ရှိပါလေ။ စင်စစ်သော်ကား အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျေးဇူးတော်အားဖြင့် အနာဂတ်ဟော ဆရာလည်း မဟုတ်ပေ၊ရူးသွပ်သူလည်း မဟုတ်ပေ။
أَمْ يَقُولُونَ شَاعِرٌ نَتَرَبَّصُ بِهِ رَيْبَ الْمَنُونِ
သို့တည်းမဟုတ် ၎င်းတို့က (ဤမုဟမ္မဒ်) (ဆွလ္လလာဟု အလိုင်ဟိဝစလာမ်)သည် ကဗျာဆရာဖြစ်သည်။ ကျွန်ုပ်တို့သည် ၎င်းနှင့်ပတ်သက်၍ ကံအားလျော်စွာ ဆိုက်ရောက်လာအံ့သော ခေတ်ကာလ၏ဘေးအန္တရာယ်ကို ဆိုက်ရောက်လာအံ့သော သေဘေးကို စောင့်ဆိုင်း၍ နေကြသည်ဟု ပြောဆိုကြလေသလော။
قُلْ تَرَبَّصُوا فَإِنِّي مَعَكُمْ مِنَ الْمُتَرَبِّصِينَ
(အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် စောင့်ဆိုင်း၍ နေကြလေကုန်။ သို့ဖြစ်လျှင် ဧကန်အမှန် ငါသည်လည်း အသင်တို့နှင့်အတူ စောင့်ဆိုင်းသူတို့တွင် အပါအဝင်ဖြစ်၏။
أَمْ تَأْمُرُهُمْ أَحْلَامُهُمْ بِهَٰذَا ۚ أَمْ هُمْ قَوْمٌ طَاغُونَ
သို့တည်းမဟုတ် ၎င်းတို့၏ အသိဉာဏ်များက ဤသည်နှင့်စပ်လျဉ်း၍ ၎င်းတို့အား အမိန့်ပေးလေသလော။သို့တည်းမဟုတ် ၎င်းတို့ကိုယ်တိုင်ပင် ဆိုးသွမ်းသူများ ဖြစ်ကြလေသလော။

Choose other languages: