Quran Apps in many lanuages:

Surah At-Tur Ayahs #15 Translated in Burmese

فَوَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ
သို့ဖြစ်ပေရာ ထိုနေ့တွင် မဟုတ်�မှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ကြကုန်သော သူတို့၌ ပျက်စီးခြင်းသည် ရှိချေမည်။
الَّذِينَ هُمْ فِي خَوْضٍ يَلْعَبُونَ
အကြင်သူတို့သည် အချည်းနှီးသော ပြောဆိုမှု၌ မွေ့လျော်လျက် ရှိကြကုန်၏။
يَوْمَ يُدَعُّونَ إِلَىٰ نَارِ جَهَنَّمَ دَعًّا
အကြင်နေ့တွင် ၎င်းတို့သည် ‘ဂျဟန္နမ်’ ငရဲ၏မီးရှိရာသို့ တွန်းပို့ခြင်းကို ခံကြရပေမည်။
هَٰذِهِ النَّارُ الَّتِي كُنْتُمْ بِهَا تُكَذِّبُونَ
ဤသည်ပင် မဟုတ်မမှန်ဟူ၍ အသင်တို့ ငြင်းပယ်လျက်ရှိခဲ့ကြသော ငရဲမီးပင် ဖြစ်၏။
أَفَسِحْرٌ هَٰذَا أَمْ أَنْتُمْ لَا تُبْصِرُونَ
သို့ဖြစ်ပေရာ ဤသည် စုန်းပယောဂ ဖြစ်လေသလော၊ သို့တည်းမဟုတ် အသင်တို့သည် (ယခုတိုင်) မမြင်ကြလေသလော။

Choose other languages: