Quran Apps in many lanuages:

Surah At-Tin Ayahs #5 Translated in Burmese

وَالتِّينِ وَالزَّيْتُونِ
(ငါအရှင်မြတ်သည်) သဖန်းသီးပင်ကိုလည်းကောင်း၊ သံလွင်သီးပင်ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။
وَطُورِ سِينِينَ
ထို့ပြင် (ငါအရှင်မြတ်သည်) သိနတောင်ကို သက်သေထူတော်မူ၏။
وَهَٰذَا الْبَلَدِ الْأَمِينِ
ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) ဤ ဘေးရန်ကင်းသောမြို့တော်ကို သက်သေထူတော်မူ၏။
لَقَدْ خَلَقْنَا الْإِنْسَانَ فِي أَحْسَنِ تَقْوِيمٍ
ဧကန်မလွဲ ငါအရှင်မြတ်သည် လူကို အကောင်းဆုံးသော အချိုးအစား အရပ်အမောင်း ပုံပန်းသဏ္ဍာန်၌ ဖန်ဆင်းတော်မူ၏။
ثُمَّ رَدَدْنَاهُ أَسْفَلَ سَافِلِينَ
ထို့နောက် ငါအရှင်မြတ်သည် ၎င်းအား ညံ့ဖျင်းသူတို့ထက် အညံ့ဖျင်းဆုံးသော အခြေအနေသို့ ပြန်ရောက်စေတော်မူ၏။

Choose other languages: