Quran Apps in many lanuages:

Surah At-Takwir Ayahs #21 Translated in Burmese

وَاللَّيْلِ إِذَا عَسْعَسَ
၎င်းပြင် (ငါအရှင်မြတ်သည်) ညဉ့်ကို(သက်သေထူတော်မူ၏)။ အကြင်အခါဝယ် ထိုညဉ့်သည် ရောက်ရှိလာ၏။(ကုန်လွန်သွား၏)။
وَالصُّبْحِ إِذَا تَنَفَّسَ
၎င်းပြင် (ငါအရှင်မြတ်သည်)နံနက်ကို (သက်သေထူတော်မူ၏)။ အကြင်အခါဝယ် ယင်း နံနက်သည် လင်း၍လာလေ၏။
إِنَّهُ لَقَوْلُ رَسُولٍ كَرِيمٍ
ဧကန်မလွဲ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် မြင့်မြတ်သော စေတမန်တစ်ပါး(ယူဆောင်လာသော)အာယတ်တော်ဖြစ်၏။
ذِي قُوَّةٍ عِنْدَ ذِي الْعَرْشِ مَكِينٍ
(ထိုစေတမန်သည်) ခွန်အား ကြီးမားသူ၊ ‘အရ်ရှ်’ပလ္လင်တော်ကို စိုးပိုင်တော်မူသော အရှင်မြတ်၏ အပါးတော်၌ ဂုဏ်အသရေရှိသူဖြစ်ပေသည်။
مُطَاعٍ ثَمَّ أَمِينٍ
(ထို့ပြင်) ထို(မိုးကောင်းကင်များ)၌ ဩဇာညောင်းသူ၊ ယုံကြည်စိတ်ချရသူ(လည်းဖြစ်ပေသည်)။

Choose other languages: