Quran Apps in many lanuages:

Surah Ash-Shura Ayahs #7 Translated in Burmese

كَذَٰلِكَ يُوحِي إِلَيْكَ وَإِلَى الَّذِينَ مِنْ قَبْلِكَ اللَّهُ الْعَزِيزُ الْحَكِيمُ
အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော၊ ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသော အလ္လာဟ် အရှင်မြတ်သည်အသင့်ထံသို့လည်းကောင်း၊ အသင့်အလျင်ပွင့်ခဲ့ကြလေသောတမန်တော်များထံသို့လည်းကောင်း၊ ဤနည်းအတိုင်းပင် ဝဟီတော် ထုတ်ပြန်လေ့ရှိတော်မူခဲ့၏။
لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۖ وَهُوَ الْعَلِيُّ الْعَظِيمُ
မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ကမ္ဘာမြေ၌ ရှိသမျှတို့သည်လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသောအရာများပင် ဖြစ်ကုန်၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အလွန်မြင့်မြတ်လှတော်မူသော၊ ထူးကဲကြီးမြင့်လှတော်မူသောအရှင် ဖြစ်တော်မူ၏။
تَكَادُ السَّمَاوَاتُ يَتَفَطَّرْنَ مِنْ فَوْقِهِنَّ ۚ وَالْمَلَائِكَةُ يُسَبِّحُونَ بِحَمْدِ رَبِّهِمْ وَيَسْتَغْفِرُونَ لِمَنْ فِي الْأَرْضِ ۗ أَلَا إِنَّ اللَّهَ هُوَ الْغَفُورُ الرَّحِيمُ
မိုးကောင်းကင်များသည် မိမိတို့အပေါ်မှ အက်ကွဲပြိုကျအံဆဲဆဲ ဖြစ်ကုန်၏။ ၎င်းပြင် မလာအိကဟ် ကောင်းကင်တမန်တို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား ချီးမွမ်းထောပနာပြုခြင်းနှင့်တကွ (ထိုအရှင်မြတ်)စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြသည့်ပြင် တို့သည် ကမ္ဘာမြေ၌ရှိသူတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့် ကိုလည်းပန်ကြားလျက်ရှိကြကုန်၏။ သတိပြုကြလေကုန်၊ ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည်ပင် အလွန်တရာခွင့်လွှတ်တော်မူသောအလွန်တရာသနားကြင်နာတော်မူသော အရှင်ဖြစ်တော်မူ၏။
وَالَّذِينَ اتَّخَذُوا مِنْ دُونِهِ أَوْلِيَاءَ اللَّهُ حَفِيظٌ عَلَيْهِمْ وَمَا أَنْتَ عَلَيْهِمْ بِوَكِيلٍ
ထိုအရှင်မြတ်မှတစ်ပါး အခြားကို ကိစ္စအဝဝကိုပြီးစီးအောင် ဆောင်ရွက်ပေးသူများအဖြစ် ရွေးချယ်ပြုလုပ်ခဲ့ကြသောသူတို့အား အလ္လာဟ်အရှင်မြတ်သည် ကြည့်ရှုစောင့်ကြပ်တော်မူလျက်ရှိ၏။ စင်စစ်သော်ကား အသင်သည် ၎င်းတို့နှင့်ပတ်သက်၍ တာဝန်ခံမဟုတ် ပေတကား။
وَكَذَٰلِكَ أَوْحَيْنَا إِلَيْكَ قُرْآنًا عَرَبِيًّا لِتُنْذِرَ أُمَّ الْقُرَىٰ وَمَنْ حَوْلَهَا وَتُنْذِرَ يَوْمَ الْجَمْعِ لَا رَيْبَ فِيهِ ۚ فَرِيقٌ فِي الْجَنَّةِ وَفَرِيقٌ فِي السَّعِيرِ
ထိုနည်းတူစွာ ငါအရှင်မြတ်သည် အသင်တို့ထံသို့ အသင်သည် (ဦးစွာပထမ)မက္ကဟ်မြို့(သားတို့) ကိုလည်းကောင်း၊ ယင်းမက္ကဟ်မြို့၏ ပတ်ဝန်းကျင်(၌နေထိုင်သူတို့)ကိုလည်းကောင်း၊ သတိပေး နှိုးဆော်အံ့သောငှာ၊ ထို့ပြင် �ွိဟသံသယ အလျှင်းမရှိသော (ကိယာမတ် ရှင်ပြန်ထမည့်)နေ့နှင့်စပ်လျဉ်း၍ အသိပေး နှိုးဆော်အံ့သောငှာလည်းကောင်း၊ အရဗီဘာသာစကားဖြင့်ဖြစ်သော (ဤ)ကုရ်အာန်ကျမ်းတော် မြတ်ကိုထုတ်ပြန်တော်မူခဲ့၏။ (၎င်းတို့အနက်) အုပ်စု တစ်စုမှာဂျန္နတ် သုခဘုံသို့ (လား၍) အုပ်စုတစ်စု မှာကား ဂျဟန္နမ်ငရဲဘုံသို့ (လားကြပေမည်)။

Choose other languages: