Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #73 Translated in Burmese

وَاتْلُ عَلَيْهِمْ نَبَأَ إِبْرَاهِيمَ
(အို-နဗီတမန်တော်၊)အသင်သည် ၎င်း(မက္ကာမြို့သား)တို့၏ရှေ့ဝယ် အိဗ်ရာဟီမ်၏အကြောင်း နှင့် အတ္ထုပ္ပတ္တိကို ပြန်ပြောပါလေ။
إِذْ قَالَ لِأَبِيهِ وَقَوْمِهِ مَا تَعْبُدُونَ
တစ်ရံရောအခါဝယ် ထိုအီဗ်ရာဟီမ်သည် မိမိ၊ဖခင်အားလည်းကောင်း မိမိအမျိုးသားတို့အားလည်းကောင်း၊’အသင်တို့သည် မည်သည့်အရာကို ကိုးကွယ် ဆည်းကပ်လျက်ရှိကြသနည်း’ ဟု ပြောဆိုမေးမြန်းခဲ့၏။
قَالُوا نَعْبُدُ أَصْنَامًا فَنَظَلُّ لَهَا عَاكِفِينَ
ထိုအမျိုးသားတို့က ကျွန်ုပ်တို့သည် အ�ုပ်များကို ကိုးကွယ်ဆည်းကပ်ကြသည့်ပြင် ထိုအရုပ်များ၏အပါး၌ပင် အခါခပ်သိမ်း စွဲလမ်းတွယ်ကပ်လျက် ရှိကြပေသည်ဟု ပြန်ကြားခဲ့ကြကုန်၏။
قَالَ هَلْ يَسْمَعُونَكُمْ إِذْ تَدْعُونَ
အိဗ်ရာဟီမ်က မေးမြန်းခဲ့၏။ အသင်တို့ ဟစ်ခေါ်ကြသောအခါ ထိုအရုပ်များသည် အသင်တို့၏ ဟစ်ခေါ်သံကို ကြားကြလေသလော။
أَوْ يَنْفَعُونَكُمْ أَوْ يَضُرُّونَ
သို့မဟုတ်၊ ၎င်းတို့သည် (အသင်တို့အား) အကျိုးပြုကြလေသလော။ သို့တည်းမဟုတ် ၎င်းတို့သည် (အသင်တို့အား) အကျိုးယုတ်စေနိုင်ကြလေသလော။

Choose other languages: