Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #31 Translated in Burmese

قَالَ إِنَّ رَسُولَكُمُ الَّذِي أُرْسِلَ إِلَيْكُمْ لَمَجْنُونٌ
ထို(ဖစ်ရ်အောင်န်)က ဧကန်စင်စစ် အသင်တို့ထံ စေလွှတ်ခြင်းခံခဲ့ရသော ရစူလ်တမန်တော်သည် အမှန်ပင် ရူးနှမ်းသူဖြစ်သည်ဟု ဆိုခဲ့ပြန်၏။
قَالَ رَبُّ الْمَشْرِقِ وَالْمَغْرِبِ وَمَا بَيْنَهُمَا ۖ إِنْ كُنْتُمْ تَعْقِلُونَ
ထို(မူစာ)က အကယ်၍ အသင်တို့သည် သိနားလည်ကြပါမူ (ထိုအရှင်မြတ်သည်)အရှေ့ဘက် နေထွက်ရာအရပ်ကိုလည်းကောင်း၊ အနောက်ဘက် နေဝင်ရာအရပ်ကိုလည်းကောင်း၊ ယင်းအရပ်နှစ်မျက်နှာ၏ကြား၌ ရှိရှိသမျှကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်ဟု ပြောကြားခဲ့ပြန်လေသတည်း။
قَالَ لَئِنِ اتَّخَذْتَ إِلَٰهًا غَيْرِي لَأَجْعَلَنَّكَ مِنَ الْمَسْجُونِينَ
ထိုဖစ်ရ်အောင်န်က(အို-မူစာ၊)အသင်သည် ကျွန်ုပ်မှလွဲ၍ အခြားသောကိုးကွယ်ရာ တစ်ပါးပါးကို ရွေးချယ်ခဲ့ပါလျှင် ဧကန်မလွဲ ကျွန်ုပ်သည် အသင့်အား အကျဉ်းထောင်ချထားမည်ဟု ပြောဆို ကြုံးဝါးခဲ့လေ၏။
قَالَ أَوَلَوْ جِئْتُكَ بِشَيْءٍ مُبِينٍ
ထိုမူစာက (အို-ဖစ်ရ်အောင်န်) ငါသည် အသင့်ထံ ထင်ရှားစွာသော (မုအ်ဂျီဇဟ်)တန်ခိုးတော်တစ်ပါးပါး ဆောင်ကြဉ်းခဲ့သည်ရှိသော် ကျွန်ုပ်အား အကျဉ်းချဦးမည်လောဟု ပြောဆိုမေးမြန်းခဲ့လေ၏။
قَالَ فَأْتِ بِهِ إِنْ كُنْتَ مِنَ الصَّادِقِينَ
ထိုဖစ်ရ်အောင်န်က(အို-မူစာ၊)သို့ဖြစ်လျှင် အကယ်၍ အသင်သည် အမှန်ဆိုသူတစ်ဦးဖြစ်ပါမူ ထိုအရာ (မုအ်ဂျီဇဟ်)ကို ယူခဲ့ပါဟု ပြောဆိုခဲ့လေ၏။

Choose other languages: