Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #33 Translated in Burmese

قَالَ لَئِنِ اتَّخَذْتَ إِلَٰهًا غَيْرِي لَأَجْعَلَنَّكَ مِنَ الْمَسْجُونِينَ
ထိုဖစ်ရ်အောင်န်က(အို-မူစာ၊)အသင်သည် ကျွန်ုပ်မှလွဲ၍ အခြားသောကိုးကွယ်ရာ တစ်ပါးပါးကို ရွေးချယ်ခဲ့ပါလျှင် ဧကန်မလွဲ ကျွန်ုပ်သည် အသင့်အား အကျဉ်းထောင်ချထားမည်ဟု ပြောဆို ကြုံးဝါးခဲ့လေ၏။
قَالَ أَوَلَوْ جِئْتُكَ بِشَيْءٍ مُبِينٍ
ထိုမူစာက (အို-ဖစ်ရ်အောင်န်) ငါသည် အသင့်ထံ ထင်ရှားစွာသော (မုအ်ဂျီဇဟ်)တန်ခိုးတော်တစ်ပါးပါး ဆောင်ကြဉ်းခဲ့သည်ရှိသော် ကျွန်ုပ်အား အကျဉ်းချဦးမည်လောဟု ပြောဆိုမေးမြန်းခဲ့လေ၏။
قَالَ فَأْتِ بِهِ إِنْ كُنْتَ مِنَ الصَّادِقِينَ
ထိုဖစ်ရ်အောင်န်က(အို-မူစာ၊)သို့ဖြစ်လျှင် အကယ်၍ အသင်သည် အမှန်ဆိုသူတစ်ဦးဖြစ်ပါမူ ထိုအရာ (မုအ်ဂျီဇဟ်)ကို ယူခဲ့ပါဟု ပြောဆိုခဲ့လေ၏။
فَأَلْقَىٰ عَصَاهُ فَإِذَا هِيَ ثُعْبَانٌ مُبِينٌ
ထိုအခါ ထိုမူစာသည် မိမိတောင်ဝှေးကို (မြေကြီးပေါ်သို့) ပစ်ချခဲ့ရာ ထိုတောင်ဝှေးမှာ ရုတ်တရက် ထင်ရှားစွာမြွေ(နဂါးကြီး)တစ်ကောင် ဖြစ်သွားခဲ့လေ၏။
وَنَزَعَ يَدَهُ فَإِذَا هِيَ بَيْضَاءُ لِلنَّاظِرِينَ
ထိုမှတစ်ပါး ထိုမူစာသည် မိမိလက်ကို (မိမိချိုင်းကြားမှအပြင်သို့)ဆွဲ၍ ထုတ်လိုက်ရာ ထိုလက်မှာ ကြည့်ရှုသူတို့ရှေ့ဝယ် ထွန်းတောက်လျက်ရှိနေခဲ့၏။

Choose other languages: