Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #27 Translated in Burmese

قَالَ فِرْعَوْنُ وَمَا رَبُّ الْعَالَمِينَ
ဖစ်ရ်အောင်န်က စင်စစ် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်ဟူသည် အဘယ်နည်းဟုမေးမြန်းခဲ့လေ၏။
قَالَ رَبُّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا ۖ إِنْ كُنْتُمْ مُوقِنِينَ
ထို(မူစာ)က အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် (ထိုအရှင်မြတ်)သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်နှင့် ပထဝီမြေ၏အကြား၌ ရှိရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်ဟု ပြောဆိုဖြေကြားခဲ့၏။
قَالَ لِمَنْ حَوْلَهُ أَلَا تَسْتَمِعُونَ
ထိုဖစ်ရ်အောင်န်က မိမိအနီးအနား၌ ရှိကြသူတို့အား(မောင်မင်းတို့၊) ကြားကြပါ၏လောဟု ဆိုခဲ့လေ၏။
قَالَ رَبُّكُمْ وَرَبُّ آبَائِكُمُ الْأَوَّلِينَ
ထို(မူစာ)က (ထိုအရှင်မြတ်သည်) အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် လည်းကောင်း၊အသင်တို့၏ ရှေးဟောင်း အဘ၊ ဘိုးဘေးများအား ဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်သည်လည်းကောင်း၊ ဖြစ်တော်မူသည်ဟု ပြောကြားခဲ့ပြန်၏။
قَالَ إِنَّ رَسُولَكُمُ الَّذِي أُرْسِلَ إِلَيْكُمْ لَمَجْنُونٌ
ထို(ဖစ်ရ်အောင်န်)က ဧကန်စင်စစ် အသင်တို့ထံ စေလွှတ်ခြင်းခံခဲ့ရသော ရစူလ်တမန်တော်သည် အမှန်ပင် ရူးနှမ်းသူဖြစ်သည်ဟု ဆိုခဲ့ပြန်၏။

Choose other languages: