Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #218 Translated in Burmese

وَأَنْذِرْ عَشِيرَتَكَ الْأَقْرَبِينَ
၎င်းပြင် အသင်သည် မိမိနီးစပ်သော ဆွေမျိုးသားချင်းကို သတိပေးနှိုးဆော်ပါလေ။
وَاخْفِضْ جَنَاحَكَ لِمَنِ اتَّبَعَكَ مِنَ الْمُؤْمِنِينَ
ထို့ပြင် အသင်သည် မိမိ၏နောက်သို့ လိုက်ကြသော မုအ်မင်န်သက်ဝင်ယုံကြည်သူတို့၏ ရှေ့ဝယ် (၎င်းတို့အားကရုဏာထား ရှိသောအားဖြင့်) ကျိုးနွံပါလေ။
فَإِنْ عَصَوْكَ فَقُلْ إِنِّي بَرِيءٌ مِمَّا تَعْمَلُونَ
သို့ရာတွင် အကယ်၍ ၎င်းတို့သည် အသင်၏အမိန့်ကို ဖီဆန်ခဲ့ကြလျှင် အသင်သည် (၎င်းတို့အား) ဧကန်မလွဲ ငါသည် အသင်တို့၏ အပြုအမူတို့မှ ကင်းလွတ်သည်ဟု ပြောကြားပါလေ။
وَتَوَكَّلْ عَلَى الْعَزِيزِ الرَّحِيمِ
ထိုမှတစ်ပါး အသင်သည် အလွန်တရာ အားအင်ပြည့်စုံတော်မူသော အလွန်တရာ သနားကရုဏာပြုတော်မူသော အရှင်မြတ်အပေါ်၌ ယုံပုံ အားထားပါလေ။
الَّذِي يَرَاكَ حِينَ تَقُومُ
အကြင်အရှင်မြတ်သည် အသင် မတ်တတ်ရပ်သောအခါ အသင့်အား မြင်တော်မူ၏။

Choose other languages: