Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #221 Translated in Burmese

وَتَوَكَّلْ عَلَى الْعَزِيزِ الرَّحِيمِ
ထိုမှတစ်ပါး အသင်သည် အလွန်တရာ အားအင်ပြည့်စုံတော်မူသော အလွန်တရာ သနားကရုဏာပြုတော်မူသော အရှင်မြတ်အပေါ်၌ ယုံပုံ အားထားပါလေ။
الَّذِي يَرَاكَ حِينَ تَقُومُ
အကြင်အရှင်မြတ်သည် အသင် မတ်တတ်ရပ်သောအခါ အသင့်အား မြင်တော်မူ၏။
وَتَقَلُّبَكَ فِي السَّاجِدِينَ
ထိုနည်းတူစွာ (ထိုအရှင်မြတ်သည်) "ဆွလာတ်"ဝတ်ပြုသူတို့တွင် အသင်၏ ပါဝင်နေထိုင် သွားလာမှု ကိုလည်း(မြင်တော်မူ၏)
إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ
မလွဲဧကန် ထိုအရှင်မြတ်သည်သာလျှင် အလွန်တရာ ကြားတော်မူသောအရှင်၊ အလွန်တရာ သိတော်မူသောအရှင် ဖြစ်တော်မူ၏။
هَلْ أُنَبِّئُكُمْ عَلَىٰ مَنْ تَنَزَّلُ الشَّيَاطِينُ
(အို-နဗီတမန်တော်၊ အသင်သည် မက္ကာမြို့သားမုရှ်ရစ်က်တို့အား ပြောကြားပါလေ။ အချင်းတို့၊) ငါသည် မည်သူ၏အပေါ်၌ ရှိုင်တွာန်မိစ္ဆာကောင်များ ဆင်းသက်၍ လာကြသည်ကို အသင်တို့အား ပြောပြရမည်လော။

Choose other languages: