Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #213 Translated in Burmese

ذِكْرَىٰ وَمَا كُنَّا ظَالِمِينَ
(ထိုမြို့သူမြို့သားတို့အား) သတိပေး ဆုံးမဩဝါဒပေးရန်။ စင်စစ် ငါအရှင်မြတ်သည် မတရားသဖြင့် နှိပ်စက်ညှဉ်းပန်းတော်မူသော အရှင်မဟုတ်ပေ။
وَمَا تَنَزَّلَتْ بِهِ الشَّيَاطِينُ
စင်စစ် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)ကို "ရှိုင်တွာန် " မိစ္ဆာကောင်များ ဆောင်ကြဉ်းခဲ့ကြသည် မဟုတ်ပေ။
وَمَا يَنْبَغِي لَهُمْ وَمَا يَسْتَطِيعُونَ
စင်စစ် ထို(ကုရ်အာန်ကိုယူဆောင်လာခြင်း)ကိစ္စမှာ ၎င်းတို့နှင့် (လားလားမျှ) အပ်စပ်ခြင်းလည်း မရှိပေ။ ၎င်းတို့သည် (ယူဆောင်လာရန်)တတ်စွမ်း နိုင်ကြသည်လည်း မဟုတ်ပေ။
إِنَّهُمْ عَنِ السَّمْعِ لَمَعْزُولُونَ
ဧကန်အမှန် ထိုရှိုင်တွာန် မိစ္ဆာကောင်များသည်(ဝဟ်ယ်အမိန့်တော်)ကို ကြားနာခြင်းမှ အမှန်ပင် ပယ်ရှားခြင်းခံခဲ့ကြရပြီး ဖြစ်ကုန်၏။
فَلَا تَدْعُ مَعَ اللَّهِ إِلَٰهًا آخَرَ فَتَكُونَ مِنَ الْمُعَذَّبِينَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ မည်သည့် ကို�ကွယ်ရာကိုမျှပင် ဟစ်ခေါ်တသခြင်း မပြုပါလေနှင့်။ သို့ပြုခဲ့ပါလျှင် အသင်သည်လည်း ပြစ်ဒဏ်ပေးခြင်းခံကြရသူတို့တွင် အပါအဝင် ဖြစ်သွားပေမည်။

Choose other languages: