Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #200 Translated in Burmese

وَإِنَّهُ لَفِي زُبُرِ الْأَوَّلِينَ
၎င်းပြင် ဧကန်အမှန် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်၏အကြောင်း)မှာ ရှေးလူဟောင်းတို့၏ ကျမ်းဂန်များ၌(လည်း)ပါရှိ၏။
أَوَلَمْ يَكُنْ لَهُمْ آيَةً أَنْ يَعْلَمَهُ عُلَمَاءُ بَنِي إِسْرَائِيلَ
အီစ်ရာအီလီ အမျိုးသားတို့အနက်မှ ပညာရှင်များ ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို သိရှိကြခြင်းမှာ ၎င်း(ကုရိုက်ရှ်မျိုးနွယ်ဝင်)တို့အဖို့ (လုံလောက်သော) သက်သေသာဓက မဖြစ်ခဲ့လေသလော။
وَلَوْ نَزَّلْنَاهُ عَلَىٰ بَعْضِ الْأَعْجَمِينَ
စင်စစ် အကယ်တန္တု ငါအရှင်မြတ်သည် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို အရဗ်အမျိုးသား မဟုတ်သူတစ်ဦးတစ်ယောက်၏ အပေါ်၌ ချပေးခဲ့တော်မူခဲ့အံ့။
فَقَرَأَهُ عَلَيْهِمْ مَا كَانُوا بِهِ مُؤْمِنِينَ
တစ်ဖန် ထိုသူသည် ၎င်း(ကုရိုက်ရှ်မျိုးနွယ်ဝင်)တို့ ရှေ့ဝယ် ထို(ကုရ်အာန်ကျမ်းတော်မြတ်)ကို ဖတ်ကြားခဲ့အံ့။သို့ပင်တစေလည်း ၎င်းတို့သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်)ကို ယုံကြည်ကြမည့်သူများ မဟုတ်ပေတကား။
كَذَٰلِكَ سَلَكْنَاهُ فِي قُلُوبِ الْمُجْرِمِينَ
ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် ပြစ်မှုကျူးလွန်သူတို့၏ စိတ်တွင်းဝယ် ယင်းငြင်းပယ်မှုကို ထည့်သွင်းတော်မူခဲ့၏။

Choose other languages: