Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #203 Translated in Burmese

فَقَرَأَهُ عَلَيْهِمْ مَا كَانُوا بِهِ مُؤْمِنِينَ
တစ်ဖန် ထိုသူသည် ၎င်း(ကုရိုက်ရှ်မျိုးနွယ်ဝင်)တို့ ရှေ့ဝယ် ထို(ကုရ်အာန်ကျမ်းတော်မြတ်)ကို ဖတ်ကြားခဲ့အံ့။သို့ပင်တစေလည်း ၎င်းတို့သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်)ကို ယုံကြည်ကြမည့်သူများ မဟုတ်ပေတကား။
كَذَٰلِكَ سَلَكْنَاهُ فِي قُلُوبِ الْمُجْرِمِينَ
ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် ပြစ်မှုကျူးလွန်သူတို့၏ စိတ်တွင်းဝယ် ယင်းငြင်းပယ်မှုကို ထည့်သွင်းတော်မူခဲ့၏။
لَا يُؤْمِنُونَ بِهِ حَتَّىٰ يَرَوُا الْعَذَابَ الْأَلِيمَ
၎င်းတို့သည် ပြင်းပြနာကြင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို မမြင်ကြရလေသမျှကာလပတ်လုံး ယင်း (ကုရ်အာန်ကျမ်းတော်မြတ်)ကို ယုံကြည်ကြမည် မဟုတ်ပေ။
فَيَأْتِيَهُمْ بَغْتَةً وَهُمْ لَا يَشْعُرُونَ
စင်စစ် ထိုပြစ်ဒဏ်မှာ ၎င်းတို့ထံသို့ ၎င်းတို့မသိရှိကြခိုက် ရုတ်တရက် ရောက်ရှိ၍လာပေမည်။
فَيَقُولُوا هَلْ نَحْنُ مُنْظَرُونَ
ထိုအခါ ၎င်းတို့က ကျွန်ုပ်တို့သည် ရွှေ့ဆိုင်းခွင့်ရရှိနိုင်ကြပါမည်လောဟု ဆိုကြပေမည်။

Choose other languages: