Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #21 Translated in Burmese

أَنْ أَرْسِلْ مَعَنَا بَنِي إِسْرَائِيلَ
အသင်သည် အစ္စရာအီလီအမျိုးသားတို့အား ငါတို့နှင့်အတူ သွားခွင့်ပြုပါလေ။
قَالَ أَلَمْ نُرَبِّكَ فِينَا وَلِيدًا وَلَبِثْتَ فِينَا مِنْ عُمُرِكَ سِنِينَ
ထိုဖစ်ရ်အောင်န်က (ဤသို့) ပြောဆိုခဲ့လေ၏။ (အို-မူစာ၊) ကျွန်ုပ်တို့သည် အသင့်အား ကလေးဘဝ၌ မိမိတို့ထံ ကျွေးမွေးစောင့်ရှောက်ခဲ့သည် မဟုတ်လော။ ၎င်းပြင် သင်သည် မိမိသက်တမ်းမှ နှစ်ပေါင်းများစွာ ကျွန်ုပ်တို့ထံတွင် နေထိုင်ခဲ့သည် မဟုတ်လော။
وَفَعَلْتَ فَعْلَتَكَ الَّتِي فَعَلْتَ وَأَنْتَ مِنَ الْكَافِرِينَ
ထိုမှတစ်ပါး အသင်သည် မိမိပြုခဲ့သောပြစ်မှုကိုလည်း ကျူးလွန်ခဲ့သည် မဟုတ်လော။ စင်စစ် အသင်သည် ကျေးဇူးမသိတတ်သူ တစ်ဦးပင် ဖြစ်ပေသည်။
قَالَ فَعَلْتُهَا إِذًا وَأَنَا مِنَ الضَّالِّينَ
ထို(မူစာ)က (ဤသို့)ပြောဆိုဖြေကြားခဲ့၏။ ငါသည် ယင်းအပြုအမူကို မဆင်ခြင် မသိတတ်သောအခါ၌ မေ့မှား ပြုမိခဲ့ပေသည်။
فَفَرَرْتُ مِنْكُمْ لَمَّا خِفْتُكُمْ فَوَهَبَ لِي رَبِّي حُكْمًا وَجَعَلَنِي مِنَ الْمُرْسَلِينَ
ထို့နောက် ငါသည် အသင်တို့အား ကြောက်ရွံ့ခဲ့သောအခါ အသင်တို့ထံမှ ထွက်ပြေး၍ တိမ်းရှောင်နေခဲ့၏။ထို့နောက် ငါ၏အရှင်မြတ်သည် ငါ့အား အထူးဉာဏ်ပညာကို ချီးမြှင့်ပေးသနားတော်မူ၍ ငါ့အား ရစူလ်တမန်တော်တို့တွင်အပါအဝင် ဖြစ်စေတော် မူခဲ့ပေသည်။

Choose other languages: