Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #20 Translated in Burmese

فَأْتِيَا فِرْعَوْنَ فَقُولَا إِنَّا رَسُولُ رَبِّ الْعَالَمِينَ
�ို့ဖြစ်ပေရာ အသင်တို့နှစ်ဦးသည် ဖစ်ရ်အောင်န်၏ထံသို့သွား၍ (ဤသို့)ပြောဆိုကြလေကုန်။ ဧကန်စင်စစ် ငါတို့သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်း မွေးမြူတော်မူသောအရှင် စေလွှတ်တော်မူသည့် ရစူလ်တမန်တော်(များ)ပင် ဖြစ်ကြသည်။
أَنْ أَرْسِلْ مَعَنَا بَنِي إِسْرَائِيلَ
အသင်သည် အစ္စရာအီလီအမျိုးသားတို့အား ငါတို့နှင့်အတူ သွားခွင့်ပြုပါလေ။
قَالَ أَلَمْ نُرَبِّكَ فِينَا وَلِيدًا وَلَبِثْتَ فِينَا مِنْ عُمُرِكَ سِنِينَ
ထိုဖစ်ရ်အောင်န်က (ဤသို့) ပြောဆိုခဲ့လေ၏။ (အို-မူစာ၊) ကျွန်ုပ်တို့သည် အသင့်အား ကလေးဘဝ၌ မိမိတို့ထံ ကျွေးမွေးစောင့်ရှောက်ခဲ့သည် မဟုတ်လော။ ၎င်းပြင် သင်သည် မိမိသက်တမ်းမှ နှစ်ပေါင်းများစွာ ကျွန်ုပ်တို့ထံတွင် နေထိုင်ခဲ့သည် မဟုတ်လော။
وَفَعَلْتَ فَعْلَتَكَ الَّتِي فَعَلْتَ وَأَنْتَ مِنَ الْكَافِرِينَ
ထိုမှတစ်ပါး အသင်သည် မိမိပြုခဲ့သောပြစ်မှုကိုလည်း ကျူးလွန်ခဲ့သည် မဟုတ်လော။ စင်စစ် အသင်သည် ကျေးဇူးမသိတတ်သူ တစ်ဦးပင် ဖြစ်ပေသည်။
قَالَ فَعَلْتُهَا إِذًا وَأَنَا مِنَ الضَّالِّينَ
ထို(မူစာ)က (ဤသို့)ပြောဆိုဖြေကြားခဲ့၏။ ငါသည် ယင်းအပြုအမူကို မဆင်ခြင် မသိတတ်သောအခါ၌ မေ့မှား ပြုမိခဲ့ပေသည်။

Choose other languages: