Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #180 Translated in Burmese

كَذَّبَ أَصْحَابُ الْأَيْكَةِ الْمُرْسَلِينَ
တောအုပ်၌ နေထိုင်ကြကုန်သော အမျိုးသားတို့သည်လည်း ရစူလ်တမန်တော်တို့အား မဟုတ်မမှန်ဟူ၍စွပ်စွဲ ငြင်းပယ်ခဲ့ကြကုန်၏။
إِذْ قَالَ لَهُمْ شُعَيْبٌ أَلَا تَتَّقُونَ
အကြင်အခါဝယ် ၎င်းတို့အား "ရှုအိုက်ဗ်"ကပြောကြားခဲ့၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မကြောက်ရွံ့ ကြလေသလော။
إِنِّي لَكُمْ رَسُولٌ أَمِينٌ
ဧကန်စင်စစ် ငါသည် အသင်တို့အဖို့ ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင်ဖြစ်၏။
فَاتَّقُوا اللَّهَ وَأَطِيعُونِ
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။
وَمَا أَسْأَلُكُمْ عَلَيْهِ مِنْ أَجْرٍ ۖ إِنْ أَجْرِيَ إِلَّا عَلَىٰ رَبِّ الْعَالَمِينَ
စင်စစ် ငါသည် ဤ(အမိန့်တော်ပို့ဆောင်ခြင်း)နှင့်စပ်လျဉ်း၍ အသင်တို့ထံ မည်သည့်အကျိုး တစ်စုံတစ်ရာကိုမျှ တောင်းဆိုသည် မဟုတ်ပေ။ ငါ့အား အကျိုးပေးရန်တာဝန်မှာ စကြာဝဋ္ဌာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏တာဝန်ပင် ဖြစ်ပေသတည်း။

Choose other languages: