Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #182 Translated in Burmese

إِنِّي لَكُمْ رَسُولٌ أَمِينٌ
ဧကန်စင်စစ် ငါသည် အသင်တို့အဖို့ ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင်ဖြစ်၏။
فَاتَّقُوا اللَّهَ وَأَطِيعُونِ
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။
وَمَا أَسْأَلُكُمْ عَلَيْهِ مِنْ أَجْرٍ ۖ إِنْ أَجْرِيَ إِلَّا عَلَىٰ رَبِّ الْعَالَمِينَ
စင်စစ် ငါသည် ဤ(အမိန့်တော်ပို့ဆောင်ခြင်း)နှင့်စပ်လျဉ်း၍ အသင်တို့ထံ မည်သည့်အကျိုး တစ်စုံတစ်ရာကိုမျှ တောင်းဆိုသည် မဟုတ်ပေ။ ငါ့အား အကျိုးပေးရန်တာဝန်မှာ စကြာဝဋ္ဌာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏တာဝန်ပင် ဖြစ်ပေသတည်း။
أَوْفُوا الْكَيْلَ وَلَا تَكُونُوا مِنَ الْمُخْسِرِينَ
အသင်တို့သည် (ခွက်၊ စလယ်၊ တင်းတောင်း၊စသော) အခြင်အတွယ်ကို အပြည့်(ခြင်၍) ပေးကြလေကုန်။၎င်းပြင် အသင်တို့သည် ဆုံးရှုံးအောင် ပြုလုပ်သူများ မဖြစ်ကြကုန်လင့်။
وَزِنُوا بِالْقِسْطَاسِ الْمُسْتَقِيمِ
ထို့ပြင် အသင်တို့သည် မှန်ကန်သော ရာဇူချိန်ခွင်ဖြင့် ချိန်တွယ်ကြလေကုန်။

Choose other languages: