Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #178 Translated in Burmese

إِنَّ فِي ذَٰلِكَ لَآيَةً ۖ وَمَا كَانَ أَكْثَرُهُمْ مُؤْمِنِينَ
ဧကန်စင်စစ် ဤသည့်(ဖြစ်ရပ်)၌ (ကြီးကျယ်လှစွာသော) သင်ခန်းစာသည် ရှိပေ၏။ သို့ရာတွင် ၎င်းတို့အနက်(မက္ကာမြို့သား ကာဖိရ်များအနက်)အများဆုံးသော သူတို့မှာမူကား သက်ဝင်ယုံကြည်ကြမည့်သူများ မဟုတ်ကြချေ။
وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ
စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်ပင်လျှင် အလွန်တရာ လွှမ်းမိုးတော်မူသော၊ အလွန်တရာ သနားကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
كَذَّبَ أَصْحَابُ الْأَيْكَةِ الْمُرْسَلِينَ
တောအုပ်၌ နေထိုင်ကြကုန်သော အမျိုးသားတို့သည်လည်း ရစူလ်တမန်တော်တို့အား မဟုတ်မမှန်ဟူ၍စွပ်စွဲ ငြင်းပယ်ခဲ့ကြကုန်၏။
إِذْ قَالَ لَهُمْ شُعَيْبٌ أَلَا تَتَّقُونَ
အကြင်အခါဝယ် ၎င်းတို့အား "ရှုအိုက်ဗ်"ကပြောကြားခဲ့၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မကြောက်ရွံ့ ကြလေသလော။
إِنِّي لَكُمْ رَسُولٌ أَمِينٌ
ဧကန်စင်စစ် ငါသည် အသင်တို့အဖို့ ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင်ဖြစ်၏။

Choose other languages: