Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #154 Translated in Burmese

فَاتَّقُوا اللَّهَ وَأَطِيعُونِ
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။
وَلَا تُطِيعُوا أَمْرَ الْمُسْرِفِينَ
သို့ရာတွင် အသင်တို့သည် စည်းကမ်းဥပဒေကို ကျူးလွန်ဖောက်ဖျက်သူတို့၏အမိန့်ကို မလိုက်နာကြကုန်လင့်။
الَّذِينَ يُفْسِدُونَ فِي الْأَرْضِ وَلَا يُصْلِحُونَ
အကြင်သူတို့သည် တိုင်းပြည်တွင် ပျက်စီးရာပျက်စီးကြောင်းကို ပြုလုပ်ကြကုန်၏။ သို့ရာတွင် ထိုသူတို့သည်(တိုင်းပြည်ကိုသာယာဝပြောအောင်) ပြုပြင်ကြသည်ကား မဟုတ်ကြပေ။
قَالُوا إِنَّمَا أَنْتَ مِنَ الْمُسَحَّرِينَ
ထို ‘ဆမူဒ်’ အမျိုးသားတို့က ပြောဆိုခဲ့ကြကုန်၏။ (အို-ဆွာလိဟ်၊) အသင်သည် ပြင်းထန်စွာ စုန်းပြုစားခြင်းခံရသူ တစ်ဦးသာလျှင်ဖြစ်၏။
مَا أَنْتَ إِلَّا بَشَرٌ مِثْلُنَا فَأْتِ بِآيَةٍ إِنْ كُنْتَ مِنَ الصَّادِقِينَ
အသင်သည် ကျွန်ုပ်တို့ကဲ့သို့ပင် လူသားတစ်ဦးမှတစ်ပါး အခြားမဟုတ်ပြီ။ သို့ဖြစ်ပေရာ အသင်သည် သစ္စာဝါဒီ အမှန်ဆိုသူတစ်ဦး ဖြစ်ခဲ့ပါလျှင် သက်သေလက္ခဏာ တစ်စုံတစ်ရာကို ယူဆောင်လာခဲ့ပါလေ။

Choose other languages: