Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #157 Translated in Burmese

قَالُوا إِنَّمَا أَنْتَ مِنَ الْمُسَحَّرِينَ
ထို ‘ဆမူဒ်’ အမျိုးသားတို့က ပြောဆိုခဲ့ကြကုန်၏။ (အို-ဆွာလိဟ်၊) အသင်သည် ပြင်းထန်စွာ စုန်းပြုစားခြင်းခံရသူ တစ်ဦးသာလျှင်ဖြစ်၏။
مَا أَنْتَ إِلَّا بَشَرٌ مِثْلُنَا فَأْتِ بِآيَةٍ إِنْ كُنْتَ مِنَ الصَّادِقِينَ
အသင်သည် ကျွန်ုပ်တို့ကဲ့သို့ပင် လူသားတစ်ဦးမှတစ်ပါး အခြားမဟုတ်ပြီ။ သို့ဖြစ်ပေရာ အသင်သည် သစ္စာဝါဒီ အမှန်ဆိုသူတစ်ဦး ဖြစ်ခဲ့ပါလျှင် သက်သေလက္ခဏာ တစ်စုံတစ်ရာကို ယူဆောင်လာခဲ့ပါလေ။
قَالَ هَٰذِهِ نَاقَةٌ لَهَا شِرْبٌ وَلَكُمْ شِرْبُ يَوْمٍ مَعْلُومٍ
(ဆွာလိဟ်ကပြောကြားခဲ့၏)။ ဤသည� ကုလားအုတ်မတစ်ကောင်ဖြစ်၏။ ယင်း ကုလားအုတ်မ၌ ရေသောက်ရန် အလှည့်တစ်လှည့်ရှိ၍ အသင်တို့၌လည်း သတ်မှတ်ထားပြီးဖြစ်သော နေ့တစ်နေ့တွင် ရေသောက်ရန် အလှည့်တစ်လှည့်သည်ရှိ၏။
وَلَا تَمَسُّوهَا بِسُوءٍ فَيَأْخُذَكُمْ عَذَابُ يَوْمٍ عَظِيمٍ
၎င်းပြင် အသင်တို့သည် ထိုကုလားအုတ်မကို မကောင်းသောစေတနာနှင့် မထိပါးကြကုန်လင့်။ သို့ထိပါးခဲ့ကြလျှင် ကြီးကျယ်လှစွာသော(ကိယာမတ်ရှင်ပြန်ထမည့်) နေ့၏ ပြစ်ဒဏ်သည် အသင်တို့အား ဖမ်းဆီး ကွပ်မျက်မည်ဖြစ်၏။
فَعَقَرُوهَا فَأَصْبَحُوا نَادِمِينَ
သို့တစေ ၎င်း ‘ဆမူဒ်’ အမျိုးသားတို့သည် ထိုကုလားအုတ်မ၏ခြေများကို ဖြတ်တောက်ခဲ့ကြကုန်၏။ ထို့နောက် ၎င်းတို့သည် နောင်တရရှိသူများ ဖြစ်သွားခဲ့ကြကုန်၏။

Choose other languages: