Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #151 Translated in Burmese

فِي جَنَّاتٍ وَعُيُونٍ
ဥယျာဉ်များ၌ လည်းကောင်း၊ စမ်းချောင်းများ၌လည်းကောင်း၊
وَزُرُوعٍ وَنَخْلٍ طَلْعُهَا هَضِيمٌ
လယ်ယာများ၌လည်းကောင်း၊ အကြင် စွန်ပလွံခြံများ၌လည်းကောင်း၊ ထိုစွန်ပလွံပင်များ၏ အဖူးအညွန့်များမှာ နူးညံ့လျက်ရှိ၏။ (တစ်နည်း) ထိုစွန်ပလွံပင်မှ စွန်ပလွံသီးအခိုင်များမှာ ပြွတ်လျက်ရှိ၏။
وَتَنْحِتُونَ مِنَ الْجِبَالِ بُيُوتًا فَارِهِينَ
၎င်းပြင် အသင်တို့သည် တောင်များကို အိမ်များဖြစ်အောင် ကျွမ်းကျင်စွာ ထွင်းကြကုန်၏။ (တစ်နည်း) ၎င်းပြင် အသင်တို့သည် မော်ကြွားလျက် တောင်များကို အိမ်များဖြစ်အောင် ထွင်းကြကုန်၏။
فَاتَّقُوا اللَّهَ وَأَطِيعُونِ
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။
وَلَا تُطِيعُوا أَمْرَ الْمُسْرِفِينَ
သို့ရာတွင် အသင်တို့သည် စည်းကမ်းဥပဒေကို ကျူးလွန်ဖောက်ဖျက်သူတို့၏အမိန့်ကို မလိုက်နာကြကုန်လင့်။

Choose other languages: